top of page

နေမား မပါဝင်နိုင်တဲ့ ကမ္ဘာ့ဖလား အုပ်စု C အဖွင့်ပွဲစဉ်မှာ ဘရာဇီး နဲ့ မော်ရိုကို ၁-၁ ဂိုး ဖြင့် သရေကျ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 16
  • 1 min read

VOC/ June 13 2026


နယူးဂျာစီပြည်နယ်၊ မက်လိုင်းဖ် (MetLife) ကွင်းကြီးထဲမှာ ကမ္ဘာ့ဖလားချန်ပီယံ ငါးကြိမ်တိုင် ရရှိခဲ့တဲ့ ဘရာဇီးအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု C အဖွင့်ပွဲစဉ်မှာ အာဖရိက ချန်ပီယံ မော်ရိုကိုအသင်းနဲ့ ၁-၁ ဂိုးစီ သရေကျခဲ့ပါတယ်။

ဘရာဇီးကြယ်ပွင့် နေမာကတော့ ဒူးဒဏ်ရာ ကြောင့် အရန်ခုံမှသာ ကြည့်ရှုအားပေးခဲ့ပြီး ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။

မော်ရိုကိုအသင်းအတွက် အစ္စမေးလ် ဆိုင်ဘာရီ က ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၃၂ မိနစ်မှာတော့ ဗီနီစီယပ်စ် ဂျူနီယာ က ဘရာဇီးအတွက် ချေပဂိုးကို ပြန်လည် သွင်းယူပေးခဲ့ပါတယ်။

နယူးဂျာစီရှိ New York/New Jersey Stadium မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံး အပြန်အလှန် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ခဲ့ကြပြီး ဂိုးနှစ်ဂိုးစလုံးကို ပထမပိုင်းအတွင်း သွင်းယူခဲ့ကြပါတယ်။

ဒုတိယပိုင်းမှာတော့ အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်အသင်းမှ ဂိုးထပ်မသွင်းနိုင်တော့ဘဲ တစ်မှတ်စီ ခွဲယူခဲ့ရပါတယ်။

ဘရာဇီးအသင်းဟာ ဖီဖာကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး နိုင်ငံအသင်းအဖြစ် မှတ်တမ်းဝင်ထားပြီး ချန်ပီယံဆုကို စံချိန်တင် ၅ ကြိမ် (၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄ နှင့် ၂၀၀၂) ရရှိထားပါတယ်။

ဒါ့အပြင် ဘရာဇီးဟာ ၁၉၃၀ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ယနေ့အထိ ကျင်းပခဲ့သမျှ ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းမှာ အဆက်မပြတ် ပါဝင်လာခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံအသင်းလည်း ဖြစ်ပါတယ်။


Source: Fox Sport



 
 
 

Comments


bottom of page