နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က CRPH ကိုသာ ဆက်လက်အသိမှတ်ပြု
- thevoiceofchinland
- Apr 22
- 1 min read
VOC/ April 20, 2026
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ကျင်းပတဲ့ (၁၅၂) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံမှာ ပြည် ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို အဓိကဆွေးနွေးဖက်လွှတ်တော်အဖြစ် ဆက်လက်အသိ အမှတ်ပြု ဆုံးဖြတ်ခဲ့ကြပါတယ်။
ဧပြီလ ၁၅ ရက်ကနေ ၁၉ ရက်နေ့အထိ ၅ ရက်တာကျင်းပတဲ့ (၁၅၂) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံရဲ့ အမှုဆောင်ကောင်စီအစည်းအဝေးမှာ အခုလိုဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ညီလာခံတက်ရောက်ခဲ့တဲ့ CRPH က သတင်း ထုတ်ပြန်လာပါတယ်။
မြန်မာနိုင်ငံမှာ ပိုပြီးတရားဝင်မှုရှိတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့အချိန်အထိ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုသာ ဆက်လက်ထိတွေ့ဆက်ဆံသွားဖို့ ဆုံးဖြတ် အတည်ပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါဟာ လက်ရှိ နေပြည်တော်မှာ အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ အတုအယောင် လွှတ်တော် ရှိနေပေမယ့်လည်း နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ကတော့ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကနေထွက်ပေါ်လာတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကိုပဲ ဆက်လက်အသိအမှတ်လိုက်တာဖြစ်ပါတယ်။




Comments