top of page

နိုင်ငံတော်သမ္မတဦးဝင်းမြင့် မိသားစုထံပြန်လည်ရောက်ရှိခြင်းအတွက် ဝမ်းမြောက်ကြောင်း SCEF ထုတ်ပြန်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 22
  • 1 min read

VOC/ April 22, 2026


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ အကြမ်း ဖက်စစ်တပ်က မတရားဖမ်းဆီးအကျဉ်းချခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိသားစုထံပြန်လည်ရောက်ရှိခဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖက်ဒ ရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ-SCEF က ယနေ့ထုတ်ပြန်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တောင်ငူအကျဉ်း ထောင်ကနေလွှတ်မြောက်လာခဲ့ပြီး ၅ နှစ်ကျော်အကြာမှာ မိသားစုထံ ပြန် လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေဖြင့် ကိုယ်ကျန်းမာခြင်း၊ စိတ်ခိုင်မာခြင်းတို့ကို ပိုင်ဆိုင်ကာ နိုင်ငံ့အကျိုး၊ နိုင်ငံသူ နိုင်ငံသားတို့ရဲ့ အကျိုးကို ဘေးအန္တရာယ်ကင်းစွာဖြင့် ဆက်လက်သယ်ပိုးထမ်းရွက်နိုင်ပါစေလို့လည်း ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီက ဆန္ဒပြုထားပါတယ်။

ဒါ့အပြင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်း သားတွေအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် တိုင်းရင်းသား ပြည်သူလူထုအားလုံးနဲ့ အတူ အစွမ်းကုန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင် ကောင်စီက ပြောဆိုထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦး ဆောင်ကောင်စီ-SCEF ဟာ K3C လို့ခေါ်တဲ့ အင်အားကြီးတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ KIO ၊ KNU ၊ CNF ၊ KNPP နဲ့ NUG ၊ CRPH တို့က မတ်လ ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။



 
 
 

Comments


bottom of page