နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကူကီးကျေးရွာကို အိန္ဒိယဘက်အခြေစိုက်လက်နက်ကိုင်အဖွဲ့တစ်ခုက မီးရှို့
- thevoiceofchinland
- May 15
- 1 min read
VOC/ May 15, 2026
အိန္ဒိယ- မြန်မာနယ်စပ် စစ်ကိုင်းတိုင်းအထက်ပိုင်း လေရှီးမြို့နယ်ထဲက ချင်းအနွယ်ဝင် ကူကီးလူမျိုးတွေနေထိုင်တဲ့ ကျေးရွာကို အိန္ဒိယဘက်အခြေစိုက် နာဂလက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်မီးရှို့ခဲ့တာ ကြောင့် ရွာထက်ဝက်နီးပါး ပြာကျသွားတယ်လို့သိရပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်ထဲမှာရှိတဲ့ အိမ်ခြေ ၂၀ ကျော်ကျော်သာရှိတဲ့ မော်နွမ်းကျေးရွာကို အိန္ဒိယဘက်အခြေစိုက် လက်နက်ကိုင်တပ်တစ်ခုဖြစ်တဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (IM)က မေလ ၁၂ ရက်နေ့က ဝင်ရောက်မီးရှို့ခဲ့ရာမှာ အိမ်ခြေ ၁၃ လုံး မီးလောင်ပြာကျခဲ့ရတယ်လို့ ကူကီးအမျိုးသမီးများဆိုင်ရာလူ့ အခွင့်အရေးအစည်းရုံး(KWHRO)ကထုတ်ပြန်ပါတယ်။
ဒီဖြစ်ရက်ဟာ ပြီးခဲ့တဲ့လပိုင်းက အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ Ukhul ခရိုင်၊ Litan ကျေးရွာမှာ ဖြစ်ပျက်ခဲ့တဲ့ ပုဂ္ဂိုလ် ရေးဆိုင်ရာ ခိုက်ရန်ဖြစ်ပွားမှုတစ်ခုကနေ ကူကီးနဲ့ နာဂလူမျိုးကြား ပွတ်တိုက်မှုအသွင်ဖြင့် မြန်မာပြည်ဘက်ခြမ်းမှာရှိ တဲ့ ကူကီးကျေးရွာကို ပစ်မှတ်ထား လုပ်ဆောင်တာဖြစ်တယ်လို့ ကူကီးအမျိုးသမီးများဆိုင်ရာလူ့အခွင့်အရေးအစည်း အရုံးကပြောပါတယ်။
ကူကီးနဲ့ နာဂလူမျိုးတွေဟာ အိန္ဒိယ- မြန်မာနယ်စပ်တစ်လျှောက်မှာ အတူတကွယှဉ်တွဲနေထိုင်ကာ နေ့စဉ်ကူးလူး ဆက်သွယ်မှုရှိတဲ့လူမျိုးစုတွေဖြစ်ကြပြီး ခုလိုမော်နွမ်းကျေးရွာကို ဝင်ရောက်မီးရှို့တဲ့လုပ်ရပ်ဟာ ဒေသတွင်း တည်ငြိမ် မှုကို ပျက်ပြားစေပြီး လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်တဲ့အတွက် အပြင်းအထန် ရှုတ်ချတယ် လို့ ကူကီးအမျိုးသမီးများဆိုင်ရာလူ့အခွင့်အရေးအစည်းအရုံးကဆိုပါတယ်။








Comments