ဓားဒဏ်ရာနဲ့လဲကျနေတဲ့ ကျောင်းသားကို အတင်းဖမ်းဆီးရာမှ သေဆုံးသွားသဖြင့် UK မှာ အဓိကရုဏ်းဖြစ်ပွား(ရုပ်သံ)
- thevoiceofchinland
- Jun 5
- 1 min read
VOC/ June 4, 2026
ယူကေမှာ သေလောက်တဲ့ ဓားဒဏ်ရာနဲ့ လဲကျနေတဲ့ အသက် ၁၈ နှစ်အရွယ် Henry Nowak ကို အတင်းဖမ်းဆီးရာမှ သေဆုံးသွားသဖြင့် ဆန္ဒပြမှုများ အကြီးအကျယ်ဖြစ်ပွားပြီး အဓိကရုဏ်း ဖြစ်ပွားနေပါတယ်။
အဓိကရုဏ်းမှာ ရဲအရာရှိ ၁၁ ဦးနဲ့ ရဲခွေးတစ်ကောင် ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူရဲ့ မိသားစုကို ဗြိတိန်ဝန်ကြီးချုပ်နဲ့ ရဲတပ်ဖွဲ့များက တောင်းပန်စကားဆိုပြီး အမှုနဲ့ ပတ်သတ်နေတဲ့သူများကို အရေးယူမယ်လို့ ကြေညာခဲ့ပါတယ်။
ဓားဒဏ်ရာရရှိထားကြောင်း ပြောဆိုနေပေမယ့် အတင်း လက်ထိပ်ခတ်ခြင်း၊ အသက်မရှူနိုင်တော့ဘူးလို့ အကြိမ်ကြိမ်ပြောဆိုပေမယ့် လျစ်လျူရှုခြင်းများ ပြုလုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်များရဲ့Body Cam က တဆင့် တွေ့မြင်ခဲ့ပါတယ်။
Henry Nowak ကို သတ်ဖြတ်တဲ့ Vickrum Digwa ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ဆောက်သင်တန်တရားရုံးက ချမှတ်ထားပါတယ်။
Source - Al Jazeera




Comments