ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့မှာ နိုင်ငံတကာသံရုံးတွေက ဆုတောင်းပေးကြ
- thevoiceofchinland
- Jun 19
- 1 min read
VOC/ June 19, 2026
ဒီကနေ့ ဇွန်လ ၁၉ ရက် ဒီကနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့မှာ ဥရောပသမ္မဂ အပါ အဝင် ရန်ကုန်အခြေစိုက် ယူကေ၊ ကနေဒါ၊ ဆွစ်ဇာလန်၊သြစတေးလျနဲ့ ပြင်သစ်သံရုံးတွေက ဆုဆောင်းပေးခဲ့ကြပြီး နှင်းဆီလှုပ်ရှားမှုမှာပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ရန်ကုန်အခြေစိုက် နိုင်ငံတကာသံရုံးတွေက ဒေါ်ဆောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေး ဖို့ တောင်းဆိုခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ ကို ပုံဖော်တဲ့ ဓာတ်ပုံ၊ နှင်းဆီလှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ သရုပ်ဖော်မှုတွေကို သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ထည့်သွင်းဖော်ပြတာ တွေ့ရပါတယ်။
ဩစတြေးလျသံရုံးက ထုတ်ပြန်ချက်မှာ “ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားသော မတရားထိန်းသိမ်းထားခံရ သူများကို လွှတ်ပေးဖို့ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့ မိသားစု၊ ဥပဒေအကြံပေးအဖွဲ့နဲ့တွေ့ဆုံခွင့်ပေးဖို့နဲ့ ကျန်းမာ ရေးစောင့်ရှောက်မှုတို့ရရှိသင့်တယ်လို့ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေနဲ့ တသားတည်းရပ်တည်ပြီး အကြမ်းဖက်မှုတွေကို ရပ်တန့်ရန်၊ အာဆီယံဘုံသဘောတူညီ ချက် ၅ ချက်နှင့်အညီ အလုံးစုံပါဝင်တဲ့ ဆွေးနွေးမှုများ လုပ်ဆောင်ရန် တိုက်တွန်းတယ်လို့လည်းဖော်ပြထားပါတယ်။
ဆွစ်ဇာလန်သံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ် ပြည့် မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံရှိ မတရားဖမ်းဆီးခံထားရသော အခြားအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် တောင်းဆိုကြောင်း ဖော်ပြထား ပါတယ်။
ကနေဒါသံရုံးကနေလည်း မိသားစု နဲ့ မြန်မာလူမျိုးတွေရဲ့အဝေးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိလွတ်ပေးဖို့၊ ဆေးကုသခွင့်ရဖို့၊ အခြားသော နိုင်ငံရေးအကျဥ်းသားအားလုံးလွှတ်ပေးဖို့၊ အကြမ်းဖက်မှု တွေကို ချက်ချင်းအဆုံးသတ်ဖို့လည်း တောင်းဆိုထားပါတယ်။
ဒါဟာ မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်ရှိပြီး ယုံကြည်စိတ်ချရသော၊ အားလုံးပါဝင်မှုရှိသော တွေ့ဆုံဆွေးနွေးမှုတစ်ခု ဖော်ဆောင်ရန် မရှိမဖြစ်လိုအပ်သော ခြေလှမ်းများဖြစ်တယ်လို့ ကနေဒါသံရုံးကဆိုပါတယ်။
ဒီနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ နှင်းဆီလှုပ်ရှားမှု ပြုလုပ် ကြဖို့ကို အထွေထွေသပိတ်ကော်မတီအဖွဲ့ကနှိုးဆော်ထားပြီး ပြည်တွင်း ပြည်ပမှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား တွေကလည်း နည်းလမ်းမျိုးစုံဖြင့် ပူးပေါင်းပါဝင်နေကြပါတယ်။







Comments