top of page

ဒေါ်‌အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းထွက်ပေါ်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 17
  • 1 min read

VOC/ April 17, 2026

မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီ ရဲ့ ဗဟိုအလုပ်အမှု‌ဆောင်တချို့ နေပြည်တော်ကို သွားရောက်နေတယ်လို့ ဘီဘီစီသတင်းဌာနကဖော်ပြပါတယ်။

NLD ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က '' ကျွန်တော်တို့ ဥက္ကဋ္ဌကို နေအိမ်အကျယ်ချုပ်ချ မယ်ဆို တဲ့သတင်းတွေကြားတော့ ကျွန်တော်တို့က တွေ့ခွင့်ရမလားလို့ ကြိုးစားကြည့်မှာပေါ့လေ။ ရှေ့နေတွေလည်း ရောက်နေကြပါပြီ'' လို့ ဘီဘီစီသတင်းဌာနကို ပြောဆိုထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့ကတည်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အကြမ်း ဖက်စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့တာ ခုဆိုရင် ရက်ပေါင်း ၁၉၀၀ ကျော် ရှိလာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ပြည်ထဲရေးဝန်ကြီးအသစ် ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေတို့ သွား‌ရောက် တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ တယ်လို့ ဘီဘီစီကဖော်ပြထားပါတယ်။

Source- BBC Burmese


 
 
 

Comments


bottom of page