top of page

ဒေါ်အောင်ဆန်း စုကြည် ကျန်းကျန်းမာမာ ရှိနေကြောင်း သက်သေပြပေးဖို့ Proof of Life ကမ်ပိန်းလှုပ်ရှားမှု စတင်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 22
  • 1 min read

VOC/ April 21, 2026


အာဏာသိမ်းအကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေကြောင်း သက်သေပြပေးဖို့ Proof of Life ကမ်ပိန်းလှုပ်ရှားမှု စတင်လိုက်ပြီလို့သိရပါတယ်။

ဒီကမ်ပိန်းကို လူ့အခွင့်အရေးလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ အရပ်ဘက်အဖွဲ့အစည်း All in One Piece Movement က ပြုလုပ်တာဖြစ်ပါတယ်။

ကမ်ပိန်းမှာ ပါဝင်သူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးရေးအတွက် လူမှုကွန်ရက်တွေကနေတဆင့် တောင်းဆိုဖို့၊ မိမိနေထိုင်ရာ နိုင်ငံတွေမှာရှိတဲ့ သက်ဆိုင်ရာအစိုးရဌာနတွေကတဆင့် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေအထောက်အထားတစ်ခုခု ထုတ်ပြပေးရေး တောင်း ဆိုပေးကြဖို့ ဖြစ်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာ သိမ်းစဉ်ကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး ပြင်ပနဲ့အဆက်အသွယ်ဖြတ်တောက်ခဲ့တာကြောင့် ယနေ့ချိန်ထိ သတင်း အချက်အလက် မရရှိတာကြောင့် စိတ်ပူနေတယ်လို့လည်း သားဖြစ်သူ ကိုထိန်လင်း(ခေါ်) ကင်မ်အဲရစ်က ပြောဆို ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပြစ်ဒဏ် သာလျှော့ပေါ့ပြီး ဆက်လက်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။



 
 
 

Comments


bottom of page