top of page

ဒေသတွင်းပြဿနာများကို တိုင်ပင်ဆွေးနွေးဖို့အတွက် တရုတ်နိုင်ငံကို အီရန်ကိုယ်စားလှယ်သွားရောက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 7
  • 1 min read

VOC/ May 6, 2026


အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi ဟာ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ဒေသတွင်းက ဖွံ့ဖြိုးတိုးတက်မှုများကို တိုင်ပင်ဆွေးနွေးဖို့အတွက် မေလ ၆ ရက်နေ့ အစောပိုင်းက တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ရောက်ရှိလာပါတယ်။

Araghchi ဟာ တရုတ်နိုင်ငံခြားရေး Wang Yi နဲ့တွေ့ဆုံကာ “နှစ်နိုင်ငံဆက်ဆံရေးအပြင် ဒေသတွင်းနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုများကို ဆွေးနွေးကြမှာဖြစ်ကြောင်း” အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

တရုတ်အစိုးရပိုင် သတင်းဌာနတွေက အီရန်ကို ဖိတ်ကြားမှုစတင်ကြောင်း ဖော်ပြတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်ကို ကိုးကားပြီး အင်္ဂါနေ့နှောင်းပိုင်းမှာ ခရီးစဉ်ကို ကြိုတင်ထုတ်ပြန်ခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်နဲ့အစ္စရေးတို့နဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခကို ဖြေရှင်းဖို့နဲ့ နိုင်ငံတကာရဲ့ထောက်ခံမှုကို ရယူဖို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း ရုရှား၊ ပါကစ္စတန်တို့ကို သံတမန်ခရီးစဉ်များ သွားရောက်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ အီရန်နိုင်ငံရဲ့ ရင်းနှီးတဲ့မဟာမိတ်နိုင်ငံဖြစ်ပြီး အီရန်ရေနံစိမ်းကို အများဆုံး ဝယ်ယူတဲ့နိုင်ငံ ဖြစ်ပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးရဲ့တရုတ်ခရီးစဉ်မှာ တရုတ်သမ္မတ Xi Jinping နဲ့တွေ့ဆုံနိုင်မယ်လို့ မျှော်လင့်ကြပါတယ်။

အီရန်ကိုယ်စားလှယ်ရဲ့ တရုတ်ခရီးစဉ်ဟာ အမေရိကန်သမ္မတ Donald Trump ရဲ့ ကြိုတင်ကြေညာထားတဲ့ တရုတ်ခရီးစဉ်မတိုင်ခင် တပတ်အလိုမှာရောက်ရှိလာတာ ဖြစ်ပါတယ်။


Source - AP News



 
 
 

Comments


bottom of page