top of page

ဒေလီဝောာင်ပိုင်းက ဆေးလာကုသူတွေ တည်းလေ့ရှိ‌သော ဟိုတယ်မှာ မီးလောင်မှုဖြစ်ပွား၊ လူ ၂၁ ဦး သေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 5
  • 1 min read

VOC/ June 4 , 2026


အိန္ဒိယနိုင်ငံ ၊ ဒေလီတောင်ပိုင်းရှိ ဟိုတယ်တစ်ခုမှာ မီးလောင်မှုဖြစ်ပွားပြီး လူတချို့က အထပ်မြင့်တွေပေါ်က ခုန်ချခဲ့ကြပြီး တချို့မှာ ပိတ်မိနေခဲ့ပါတယ်။

မီးမှာ ဇွန်လ ၃ ရက် ဒေသစံတော်ချိန် မနက် ၈:၅၀ ခန့်က Flourish Inn Stay ဟိုတယ် မြေညီထပ်က စားသောက်ဆိုင်က စတင်လောင်ကျွမ်းတာ ဖြစ်ပါတယ်။

မီးကြောင့် လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ မီးသတ်ဌာနက ပြောဆိုပါတယ်။ မီးလောင်ချိန် အနည်းဆုံး လူ ၄၇ ဦး ပိတ်မိနေခဲ့ပြီး သေဆုံးသူတွေထဲ နိုင်ငံခြားသား ၁၇ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့ ဟိုတယ်ဟာ အနီးမှာရှိတဲ့ Max Hospital Saket ကို လာရောက်ကုသမှုခံယူသူတွေ တည်းခိုတဲ့နေရာအဖြစ် နာမည်ကြီးပါတယ်။ မီးလောင်မှုကြောင့် ၁၈ ဦး သေဆုံးပြီး ၁၇ ဦးကို ကုသပေးနေရကြောင်း ဆေးရုံဘက်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။


Source AP, X



 
 
 

Comments


bottom of page