ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ရဲစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်၊ အကြမ်းဖက်တပ်သား ၁၁ ဦးသေ
- thevoiceofchinland
- May 19
- 1 min read
VOC/ May 19, 2026
စစ်ကိုင်းဒေသ၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့မှာရှိတဲ့ ရဲစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပြီး အကြမ်းဖက် တပ်သား ၁၁ ဦးသေဆုံးခဲ့တယ်လို့ အမှတ် (၁) ရွှေဘိုခရိုင် စစ်ဌာနက ထုတ်ပြန်ပါတယ်။
စိုင်ပြင်မြို့ရဲစခန်းကို Operation OTT စစ်ဆင်ရေးအမည်ဖြင့် မေလ ၁၄ ရက်နေ့က စစ်သည်အင်အား ၆၀ ဦးနဲ့ စတင် တိုက်ခိုက်ခဲ့ပြီး မေလ ၁၆ ရက် ၊ မနက် ၉ နာရီ ၁၀ မိနစ်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဘက်က ၁၁ ဦး သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ တယ်လို့ ထုတ်ပြန်ပါတယ်။
အကြမ်းဖက် ဒုရဲအုပ် ဝင်းဇာနည်အောင်ဟာ ၎င်းရဲ့ ကွပ်ကဲမှုအောက်က ကျဆုံး နဲ့ ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေအပြင် ၅ နှစ် အရွယ် ကလေးငယ် တစ်ဦး ပါဝင်တဲ့ မိသားစုဝင်တွေကို ချန်ထားခဲ့ပြီး ကိုယ်လွတ်ရုန်းပြေးသွားခဲ့တယ်လို့ အမှတ် (၁) ရွှေဘိုခရိုင် စစ်ဌာန က ဆိုပါတယ်။
စခန်းသိမ်း တိုက်ပွဲအပြီး အကြမ်းဖက်စစ်တပ် အထိုင်ချ တပ်စွဲခဲ့တဲ့ တပ်စခန်း အဆောက်အဦးများ နဲ့ ခံစစ်မိုင်းများကို အပြီးတိုင် ရှင်းလင်းဖျက်ဆီးတယ်လို့ အသိပေးပါတယ်။
တိုက်ပွဲအတွင်း စစ်ဘေးရှောင်နေရတဲ့ စိုင်ပြင်ပြည်သူလူထုအနေနဲ့ မိမိတို့နေအိမ်တွေထံ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ပြီလို့ အမှတ် (၁) ရွှေဘိုခရိုင် စစ်ဌာနက အသိပေးထုတ်ပြန်ထားပါတယ်။









Comments