top of page

ထန်တလန်မြို့နယ်မှာ ချင်းလူငယ်တစ်ဦး ရေနစ်သေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 5
  • 1 min read

VOC/ June 2, 2026


ချင်းပြည် ထန်တလန်မြို့နယ် လေတပ်ရွာမှာကျောင်းတက်နေတဲ့ ကန်ပက် လက်မြို့နယ်က အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး ဒီကနေ့ညနေပိုင်းမှာ ရေနစ်သေဆုံးခဲ့တယ်လို့သိရပါတယ်။

ကန်ပက်လက်မြို့နယ် ငုံလောင်းကျေးရွာမှ ဦးနိုင်ထန်း နဲ့ ဒေါနူးအွမ်တို့ရဲ့ သား မောင်လိန်းနိုင်းဟာ ထန်တလန်မြို့နယ်၊ ဇိုဖေရမ်ဒေသ၊ လေတပ်ကျေးရွာအနီး ချောင်းတစ်ခုမှာ ရေဆင်းချိုးရာမှာ မတော်တဆဖြစ်ပြီး ရေနစ်သေဆုံးခဲ့တာလို့ လေတပ်ဒေသခံတွေထံကနေ သိရပါတယ်။

မောင်လိန်းနိုင်းနဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ ဒီကနေ့မှာ နှာဟရိန်မြို့ကနေ လေတပ်ရွာကိုပြန်လာပြီးနောက် ရေချိုးဖို့ ချောင်းမှာရေသွားကူးရင်း ညနေ ၃ နာရီဝန်းကျင်မှာ ယခုလို မတော်တဆဖြစ်သွားတာလို့သိရပါတယ်။

ချင်းလူငယ်မောင်လိန်းနိုင်းဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက ချင်းပြည်တောင်ပိုင်းအတွင်း CPU/CPA က စစ်မှုထမ်း ခေါ်နေတာကြောင့် ချင်းပြည်မြောက်ပိုင်းကို ထွက်ပြေးလာခဲ့ကြပြီး လေတပ်ရွာမှာ ကျောင်းတက်နေ တာလို့သိ ရပါတယ်။

လက်ရှိမှာ မောင်လိန်းနိုင်းရဲ့ မိဘများမှာလည်း ကန်ပက်လက်မြို့နယ်မှာနေထိုင်ကြပြီး စစ်ဘေးရှောင် နေကြတာကြောင့် အဆက်အသွယ်မလုပ်နိုင်သေးဘူးလို့သိရပါတယ်။


Source- Chinland Channel



 
 
 

Comments


bottom of page