top of page

ထန်တလန်မှာ တိုက်ပွဲများဆက်လက်ပြင်းထန်၊ နှစ်ဖက်တပ်ဖွဲ့ကျဆုံးမှုရှိ၊ အကြမ်းဖက်စစ်တပ်က ဓာတုဗုံးတွေအသုံးပြုလာ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jul 2
  • 1 min read

VOC/ July 1, 2026


ချင်းပြည် ထန်တလန်မြို့မှာ ချင်းတော်လှန်ရေးပူးပေါင်းတပ် နဲ့ အကြမ်းဖက်စစ်တပ်အကြား တိုက်ပွဲတွေ ဆက် လက်ဖြစ်ပွားနေပြီး နှစ်ဖက်တပ်ဖွဲ့ ကျဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။

မနေ့ဇွန်လ ၃၀ ရက်နေ့က ထန်တလန်မြို့တွင်း ၂ နေရာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး အကြမ်းဖက်စစ်တပ် ဘက်က သေဆုံးမှုတချို့ရှိသလို CDF-Thantlang တပ်ဖွဲ့က ရဲဘော် Salai Bia Tak Lian ကျဆုံးခဲ့တယ်လို့ သိရပါ တယ်။

အကြမ်းဖက်စစ်တပ်ဟာ ဟားခါးမြို့ကနေ အင်အား ၃၀၀ ခန့်ဖြင့် ဇွန်လ ၄ ရက်နေ့က စတင်ထွက်ခွာလာပြီး ထန်တလန်မြို့ထဲကို ဇွန်လ ၉ ရက်နေ့မှာ ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇွန်လ ၁၀ ရက်နေ့ကစပြီး ထန်တလန်မြို့တွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့တာြဖစ်ပါတယ်။

ထန်တလန်မြို့တွင်းတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က အထိနာပြီး ဓာတုပစ္စည်းတွေပါဝင်တဲ့ ဗုံးတွေအသုံး ပြုနေတယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောပါတယ်။

ယခုလက်ရှိမှာ ထန်တလန်မြို့ထဲရောက်ရှိနေတဲ့ အကြမ်းဖက်စစ်သားတွေကို မြို့ပြင်မထွက်နိုင်အောင် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားပြီး မြို့ရဲ့နေရာအများစုကို ချင်းပူးပေါင်းတပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။



 
 
 

Comments


bottom of page