တီးတိန်-သိုင်းငင်းကြားမှာ တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်
- thevoiceofchinland
- May 4
- 1 min read
VOC/ May 4, 2026
ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့ကို စစ်အင်အားဖြည့်ဖို့ သိုင်းငင်းလမ်းဆုံကနေ တက်လာတဲ့ အကြမ်းဖက် စစ်တပ် နဲ့ ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေရှိနေတယ်လို့ သိရပါ တယ်။
ချင်းပြည်အစပ် စစ်ကိုင်းတိုင်း ကလေးမြို့ကနေ တက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ မေလ ၂ ရက်နေ့က သိုင်းငင်းကနေ တီးတိန်မြို့ကို ချီတက်လာရာမှာ လေထန်ကုန်း နဲ့ အပ်လွယ်ကျေးရွာအနီးတဝိုက်မှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မေလ ၂ ရက်နေ့ကနေ ဒီကနေ့ဧပြီလ ၄ ရက်နေ့အထိ လေထန်ကုန်း နဲ့ အပ်လွယ်ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲတွေ ဆက်လက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းကနေလည်း ၃ ကြိမ်ထက်မနည်းဗုံးကြဲတိုက်ခိုက် ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
တိုက်ပွဲအတွင်းအမှာ အကြမ်းဖက်စစ်တပ်ဘက်က အများအပြားသေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတွေလည်း ချင်းပူး ပေါင်းတပ်ဖွဲ့ဘက်က သိမ်းဆည်းရမိတယ်လို့သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ကျဆုံးမှုတချို့ရှိခဲ့တယ် လို့သိရပါတယ်။
အကြမ်းဖက်စစ်ကြောင်းဟာ လေထန်ကုန်း၊ အပ်လွယ်ကျေးရွာကနေ ကနေဒီတောင်ကုန်းကို စိုးမိုးထိန်းချုပ်ဖို့နဲ့ အဲဒီ ကနေ တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းထဲပူးပေါင်းဖို့ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်မယ်ဆိုတဲ့သတင်းကျယ်ကျယ်ပြန့်ပြန်ထွက်ပေါ်နေတဲ့အချိန်မှာ သိုင်းငင်း ဘက်နေ တီးတိန်မြို့ကို စစ်အင်အားဖြည့်တင်းဖို့ အကြမ်းဖက်စစ်တပ်တွေက ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။
လက်ရှိမှာဦတော့ မြို့သိမ်းတိုက်ပွဲသတင်းကြောင့် တီးတိန်မြို့ ခံတွေဟာ အိန္ဒိယ-မြန်မာနယ်စပ် နဲ့ ကလေးမြို့တွေ ဘက်ကို ရှောင်တိမ်းနေကြပြီလို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ဧပြီလ ၂၅ ရက်နေ့က ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိမှာ ဖလမ်း-ဟားခါးလမ်းမကြီးကို ထိန်းချုပ်စိုးမိုးနိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေပါတယ်။
တဖက်မှာလည်း ဟွာလ်ငိုးရမ်းဒေသက အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ချင်းတော်လှန်ရေးတပ် တွေ ထိန်းချုုပ်ထားတဲ့ ရိခေါဒါရ်မြို့ကို ပြန်ထိန်းချုပ်ဖို့ကိုလည်း လုပ်ဆောင်လာနိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ် ကဆိုပါတယ်။




Comments