တီးတိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် PDF Zoland တပ်ဖွဲ့ဝင် ၇ ဦးအပါဝင် ၁၀ ဦးကျဆုံး
- thevoiceofchinland
- 6 days ago
- 1 min read
VOC/ May 7, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ ဖူနွမ်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် PDF-Zoland တပ်ဖွဲ့ဝင်ရဲဘော် ၇ ဦး နဲ့ ပြည်သူ ၃ ဦး စုစုပေါင်း ၁၀ ဦးကျဆုံးခဲ့တယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မနေ့မေလ ၆ ရက်ညနေပိုင်းမှာ ဖူနွမ်ကျေးရွာထဲက AG ဘုရားကျောင်း နဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေ ညနေစာအတွက် ချက်ပြုတ်နေတဲ့နေရာကို နှစ်ကြိမ်ဗုံးကြဲခဲ့တာလို့သိရပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် PDF-Zoland တပ်ဖွဲ့က အမျိုးသမီးရဲဘော် ၅ ဦး၊ အမျိုးသားရဲဘော် ၂ ဦး နဲ့ ထမင်းချက် ပြုပေးနေတဲ့ ရွာသား ၃ ဦး စုစုပေါင်း ၁၀ ဦးတို့ ကျဆုံးသွားတာလို့ စစ်ရေးသတင်းရင်းမြစ်ထံကနေသိရပါတယ်။
အကြမ်းဖက်စစ်တပ်သာ တော်လှန်ရေးတပ်ဖွဲ့တွေ ချက်ပြုတ်နေတဲ့နေရာကို ဗုံးသီး ၃ လုံးကြဲချခဲ့ပြီးနောက် AG ဘုရားကျောင်းကို ဗုံးသီးတစ်လုံးကြဲချခဲ့တာကြောင့် ဘုရားကျောင်းလည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဗုံးကြဲခံရတဲ့ ရွာဟာ တီးတိန်မြို့နယ်၊ ကနေဒီတောင်ခြေမှာရှိတဲ့ ရွာဖြစ်ပြီး တီးတိန်မြို့နဲ့ မိုင် ၂၀ ကျော် ကွာဝေးတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့မေလ ၅ ရက်နေ့က စစ်ရေးအချက်အချာကျတဲ့ ကနေဒီတောင်ကို ပြန်လည်သိမ်းပိုက် ခဲ့ပြီး တီးတိန်-သိုင်းငင်းလမ်းမကြီးကို ထိန်းချုပ်ဖို့ကြိုးစာနေတယ်လို့သိရပါတယ်။










Comments