top of page

တီးတိန်မှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခွင့်မပြုဟု ZPCC/ZRA-EC ပြော

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 22
  • 1 min read

VOC/ April 21, 2026


နွေဦးတော်လှန်ရေးဆိုတဲ့အကြောင်းပြချက်ဖြင့် တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်မှုကို ခွင့်ပြုမှာမဟုတ်ဘူးလို့ Zomi Political Coordination Council (ZPCC)/ZRA – EC က ဧပြီလ ၁၉ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး ပြောဆိုလိုက်ပါတယ်။

ZPCC/ZRA-EC က Zogam လို့ခေါ်ဆိုတဲ့ ချင်းပြည်မြောက်ပိုင်း တီးတိန် နဲ့ တွန်းဇံမြို့နယ်ထဲမှာ မည်သည့်အကြောင်း ပြချက်နဲ့မဆို နွေဦးတော်လှန်ရေးအပါအဝင် ပြင်ပအင်အားစုတွေ ဝင်ရောက်ကျူးကျော်တာ ဒါမှမဟုတ် မြို့သိမ်းတိုက် ပွဲဖော်ဆောင်တာကို လုံးဝခွင့်မပြုဘူးလို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

Zogam အတွင်းမှာရှိတဲ့ မြို့ရွာတွေကို သိမ်းပိုက်ဖို့ ကြိုးပမ်းလာတဲ့ အဖွဲ့အစည်းတွေကို "အကြမ်းဖက်အဖွဲ့" "ရန်သူ" အဖြစ် ထာဝစဉ်သတ်မှတ်ကာ အစွမ်းကုန် ခုခံတွန်းလှန်သွားမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေသေးတဲ့ တီးတိန်မြို့မှာ ချင်းညီနောင်အဖွဲ့ဝင် PDF-Zoland တပ်ဖွဲ့က မြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မယ်လို့ ယခုရက်ပိုင်းအတွင်း သတင်းတွေကျယ်ကျယ်ပြန့်ပြန်ထွက်ပေါ်လာတဲ့အချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်ပါးစေ ZPCC/ZRA-EC က ခုလိုကြေညာချက်ထုတ်ပြန်လာတာဖြစ်ပါတယ်။

ZRA-EC တပ်ဖွဲ့ဟာ တီးတိန်မြို့က ခလရ ၂၆၉ တပ်ရင်းထဲမှာ အကြမ်းဖက်စစ်သားတွေနဲ့ အတူတကွနေထိုင်ကာ စစ်ရေး နိုင်ငံရေးပူးပေါင်းဆောင်ရွက်နေပြီး တီးတိန်မှာ မြို့သိမ်းတိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေတာကြောင့် ခုလိုကြေ ညာချက်ထုတ်ပြန်လာတာလို့လည်းသိရပါတယ်။

ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA- EC တပ်ဖွဲ့ဟာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်နဲ့ အနီးကပ်ပူးပေါင်းတာ၊ စီမံချက်များ အတူတကွချမှတ်တာ နဲ့ တပ်စခန်းတွေမှာ အတူတကွနေထိုင်တာကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ လက်ကိုင်တုတ်ဖြစ်သွားပြီလို့ PDF Zoland က ယခုနှစ် မတ်လ ၁၅ ရက်နေ့က အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင် ZRA-EC တပ်ဖွဲ့ဟာ ဌာနေပြည်သူ့စစ်အသွင်းပြောင်းပြီး Zogam ဒေသလို့ခေါ်တဲ့ တီးတိန်၊ တွန်းဇံမြို့နယ် တွေကို စီမံအုပ်ချုုပ်ဖို့ နေပြည်တော်က အကြမ်းဖက်စစ်တပ်ထံ တောင်းဆိုမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။



 
 
 

Comments


bottom of page