top of page

တီးတိန်မြို့နယ် လိုင်တွီးရွာအနီးမှာ ချင်းပျူစောထီး ZRA နဲ့ ချင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 5
  • 1 min read

VOC/ June 4, 2026


တီးတိန်မြို့နယ် လိုင်တွီးကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်ရဲ့လက်ကိုင်တုတ် ချင်းပျူစောထီး ZRA-EC တပ်ဖွဲ့ နဲ့ CDF-Hualngoram တပ်ဖွဲ့တို့ ယနေ့မနက်ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

ဒီကနေ့ဇွန်လ ၄ ရက်မနက်ပိုင်း ၇ နာရီခွဲလောက်ကစပြီး လိုင်တွီးကျေးရွာအထွက် မီးသတ်ကုန်းအနီးတဝိုက်မှာ နှစ်ဖက် တပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။

ZRA-EC တပ်ဖွဲ့ဟာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လိုင်တွီး နဲ့ လဲန်တလန်ကျေးရွာဘက်ကို အင်အား ၁၅ ယောက်ဝန်းကျင်ဖြင့် ဝင်ရောက်လာတဲ့အချိန်မှာ CDF-Hualngoram တပ်ဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ စစ်ရေး သတင်းရင်းမြစ်ကပြောပါတယ်။

ပစ်ခတ်မှုအတွင်းမှာ ZRA-EC ဘက်က အထိနာပြီး တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

လိုင်တွီး နဲ့ လဲန်တလန်ကျေးရွာတို့ဟာ တီးတိန်မြို့ကနေ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်း ရိခေါဒါရ်မြို့သွားရာ လမ်းမကြီးပေါ်မှာတည်ရှိနေတာဖြစ်ပါတယ်။



 
 
 

Comments


bottom of page