တောင်ကိုရီးယားဘောလုံးအသင်းအိမ်ပြန်၊ လေဆိပ်မှာ အော်ဟစ်လှောင်ပြောင်ဆန္ဒပြခံရ
- thevoiceofchinland
- Jun 30
- 1 min read
VOC/ June 30, 2026
ကမ္ဘာ့ဖလား အုပ်စုအဆင့်ကနေ စောစောစီးစီးထွက်ခွါခဲ့ရတဲ့ တောင်ကိုရီးယားအမျိုးသားဘောလုံးအသင်းဟာ ဒီကနေ့မနက်ပိုင်းက တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ရောက်ရှိလာစဉ်မှာ ပြည်သူတွေက အော်ဟစ်လှောင်ပြောင်ဆန္ဒပြခဲ့ကြပါတယ်။
တောင်ကိုရီးယားအမျိုးသားဘောလုံးအသင်းနည်းပြ Hong Myung-Bo နဲ့ ကစားသမားတွေ လေဆိပ်အတွင်းသို့ ထွက်လာချိန်မှာ လာရောက်စောင့်ဆိုင်းနေသော လူအုပ်ကြီးက မကျေ မနပ်ဖြစ်ကာ အော်ဟစ်လှောင်ပြောင် ဆန္ဒပြခဲ့ကြပါတယ်။
မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် လုံခြုံရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များက ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များ ဘေးကနေ ဝိုင်းရံကာ လမ်းကြောင်းရှင်းပေးပြီး ကာကွယ်ပေးထားရတယ်လို့သိရပါတယ်။
တောင်ကိုရီးယားဟာ ကမ္ဘာ့ဖလား အုပ်စု(A) အဖွင့်ပွဲစဉ်မှာ ချက်အသင်းကို အနိုင်ရပြီး တာထွက်လှခဲ့ပေမယ့် တောင်အာဖရိကနဲ့ ပူးတွဲအိမ်ရှင် မက္ကဆီကို အသင်းတွေကို အရေးနိမ့်ခဲ့တာကြောင့် ၃၂ သင်းရှုံးထွက်အဆင့် မတက်ရောက်နိုင်ဘဲ အိမ်ပြန် စောခဲ့ရတာဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာခဲ့ရတဲ့ တောင်ကိုရီးယား အသင်းကို သမ္မတကိုယ်တိုင် ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့တဲ့နောက် အသင်းနည်းပြလည်း ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။
Source- Sports Insider




Comments