တောင်ကိုရီးယား ဂိုးသမားအမှားကနေ အနိုင်ဂိုးရယူပြီး နောက်တဆင့် တက်ဖို့ သေချာသွားတဲ့ မက္ကဆီကို
- thevoiceofchinland
- Jun 19
- 1 min read
(Mexico 1- 0 South Korea)
VOC/ Sports/ June 19, 2026
အုပ်စုတွင်း (၃)မှတ်စီရရှိထားတဲ့အသင်းနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး အနိုင်ရတဲ့အသင်းက နောက်တဆင့်တက်ဖို့ သေချာတဲ့အတွက် ဒီပွဲဟာ အကြိတ်အနယ်ဖြစ်ခဲ့ပါတယ်။
ပွဲစချိန် ၆ မိနစ်မှာ အိမ်ရှင်အသင်း မက္ကဆီကို တိုက်စစ်မှူး Quinones နဲ့ တောင်ကိုရီးယား နောက်ခံလူ Kim Min-jae တို့ ကွင်းလယ်မှာ အကြိတ်အနဘ် ဘောလုံးလုပြီး မက္ကဆီကိုဘက်က Gutierrezက ဂိုးသွင်းယူဖို့ ကြိုးစားပေမယ့် ကန်ချက် လွဲချော်သွားပါတယ်။
တောင်ကိုရီးယားအသင်း ကွင်းလယ်မှာ ဘောလုံးပေးပို့မှု အမှားအယွင်း ရှိနေပြီး မက္ကဆီကိုဘက်က ခံစစ်နဲ့ ကစားနေပါတယ်။ တောင်ကိုရီးယားက ၅-၃-၂ ပုံစံဖြင့် ခံစစ်ပိတ်ကစားလာပြီး မက္ကဆီကိုက ပြန်လည်ထိုးဖောက်လာပါတယ်။ ပွဲစဉ် ၁၆ မိနစ်မှာ Son Heung-min က မက္ကဆီကို ခံစစ်ကြောင်းကို ကျော်ဖြတ်ပြီး ဂိုးသမားပေါ်ကျော် ကန်သွင်းခဲ့ပေမယ့် လူကျွံနေတဲ့အတွက် ဂိုးမပေးခဲ့ရပါဘူး။ မက္ကဆီကိုအသင်းက Sanchezကလည်း လူကျွံဘော ဖြစ်နေခဲ့ပါတယ်။ ၄၂ မိနစ်မှာ တောင်ကိုရီးယားမှ Seol ကျဉ်းမြောင်းသော ထောင့်ကနေ ကန်သွင်းခဲ့ပေမယ့် ဂိုးမရရှိခဲ့ပါဘူး။
ဒုတိယပိုင်း ၅၀ မိနစ်မှာ ကိုရီးယားဂိုးသမား Kim Seung-gyu ရဲ့ အမှားတစ်ခုကြောင့် မက္ကဆီကို ဂိုးရသွားပါတယ်။ Quinones ဖြတ်တင်ဘောကို ဂိုးသမား ထွက်ဖမ်းရာမှာ ကိုရီးယားနောက်ခံလူ
Lee Gi-hyukနဲ့ တိုက်မိပြီး ဘောလုံးလွတ်ကျရာမှာ Luis Romo က ဗလာဖြစ်နေတဲ့ ဂိုးပေါက်ထဲကို ကန်သွင်းယူခဲ့တဲ့အတွက် တစ်လုံးထဲသောအနိုင်ဂိုးကို မက္ကဆီကိုတို့ရရှိသွားပါတယ်။
ဒုတိယပိုင်းအလယ်မှာ Son Heung-min နဲ့ Lee Jae-sung တို့တို့ကို ထုတ်ပြီး Hwang Hee-chanနဲ့ Oh Hyeon-gyu တို့ကို ထည့်သွင်းကစားပေမယ့် မက္ကဆီကိုက ၅-၄-၁ ပုံစံနဲ့ ခံစစ်အထိုင်ပြောင်းပြီးကစားသွားတဲ့အတွက် ဒုတိယပိုင်းအပြီး နာကျင်ချိန်ပို ၆ မိနစ်အထိဂိုးမသွင်းယူနိုင်ခဲ့ဘဲ အုပ်စုဒုတိယနေရာနဲ့သာ တောင်ကိုရီးယားအသင်းက ကျေနပ်ခဲ့ရပါတယ်။
Source: Fox Sport, ESPN




Comments