top of page

တောင်ကိုရီးယားကို အနိုင်ယူပြီး ရှုံးထွက်အဆင့် ရောက်တဲ့ တောင်အာဖရိက (တောင်အာဖရိက ၁-၀ တောင်ကိုရီးယား)

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 25
  • 1 min read

VOC/ Sports/ June 25, 2026


တောင်အာဖရိကအသင်းဟာ တောင်ကိုရီးယားအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ ဗုဒ္ဓဟူးနေ့မှာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံးရှုံးထွက်အဆင့်ကို ဝမ်းသာအားရနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။

ဇွန်လ ၂၈ ရက်နေ့မှာ လော့စ်အိန်ဂျလိစ်မှာ ပူးတွဲအိမ်ရှင်ကနေဒါအသင်းနဲ့ ရင်ဆိုင်ရမယ့် တောင်အာဖရိကအသင်းဟာ အုပ်စု A ရဲ့ ထိပ်ဆုံးက မက္ကဆီကိုအသင်းနဲ့ ချက်အသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့နောက် ရမှတ်လေးမှတ်အကွာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အဓိကကစားသမား ဆွန်ဟောင်မင် အရန်ခုံမှာ ပါဝင်ကစားခဲ့တဲ့ တောင်ကိုရီးယားအသင်းဟာ ရမှတ်သုံးမှတ် ရရှိထားပါတယ်။

ပွဲချိန်အစမှာတောင်ကိုရီးယားအသင်းက တိုက်စစ်ဆင် ဖိကစားခဲ့ပါတယ်။ ပွဲချိန် ၅ မိနစ်မှာတော့ တောင်အာဖရိကအသင်း ထောင့်ကန်ဘောရရှိပြီးနောက် ကစားသမား Mofokeng က ၂၂ ကိုက်အကွာကနေ ကန်သွင်းရာ တောင်ကိုရီးယားနောက်ခံလူ Kim Min-jae ခေါင်းတိုက်ဖျက်ထုတ်ခဲ့တယ်။ တောင်ကိုရီးယားအသင်း အခွင့်အရေးရပေမယ့် Oh Hyeon-gyu အဆုံးသတ်မသေချာဘဲ Lee Kang-in ကန်သွင်းချက်လည်း ဂိုးဘေးကို လွဲသွားခဲ့ပါတယ်။ ပထမပိုင်းပြီးဆုံးတဲ့အထိ တဖက်နဲ့တဖက် အကြိတ်အနယ်ကစားခဲ့ပေမယ့် နှစ်သင်းလုံး ဂိုးမသွင်းနိုင်ခဲ့ပဲ ၀-၀ ဂိုးနဲ့ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်း ၄၇ မိနစ်မှာတော့ တောင်ကိုရီးယားအသင်းက Son Heung-min၊ Kim Jin-gyu နဲ့ Jens Castrop တို့ လူစားဝင်လာပြီး Paik Seung-ho၊ Lee Tae-seokနဲ့ Hwang Hee-chan တို့ ထွက်သွားပါတယ်။ ၄၉ မိနစ်မှာ တောင်ကိုရီးယား ထောင့်ကန်ဘောရပြီး VAR က ဂိုးကန်ဘောအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ဒုတိယပိုင်း ၆၃ မိနစ်မှာတော့ တောင်အာဖရိက တိုက်စစ်မှူး Maseko က ဂိုးသွင်းယူခဲ့ပါတယ်။ တောင်ကိုရီးယားတို့ လူစားလဲ တိုက်စစ်ကိုအသားပေးကစားပေးပေမယ့် တောင်အာဖရိကအသင်းကို မကျော်လွန်နိုင်ဘဲ ၁ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပါတယ်။



 
 
 

Comments


bottom of page