top of page

တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့်ဆက်လက်ဗုံးကြဲ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

VOC/ June 25, 2026


တိုက်ပွဲတွေပြင်းထန်နေတဲ့ ချင်းပြည်တောင်ပိုင်း မင်းတပ်ဘက်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု တွေဆက်လုပ်နေပြီး ဒီကနေ့ဇွန်လ ၂၅ ရက်မနက်ပိုင်း နဲ့ နေ့လယ်ပိုင်းမှာ ဗုံးအလုံး ၃၀ ကျော်ထပ်မံကြဲချခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်မှာ တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက မင်းတပ်မြို့ အရှေ့ခြမ်းတနေရာကို ဗုံး ၆ လုံးကြဲချခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ၇ နာရီခွဲဝန်းကျင်မှာ Y12 ဗုံးကြဲလေယာဉ်ဖြင့် အဲဒီနေရာကိုပဲ ဗုံးအလုံး ၂၀ ကျော်ကြဲချခဲ့တယ်လို့ မင်းတပ် မြို့ဒေသခံတွေထံကနေသိရပါတယ်။

ဒါ့အပြင် မွန်းလွဲပိုင်း ၁ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ မင်းတပ်မြို့ပေါ်တနေရာကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၈ လုံးထပ်မံကြဲ ချခဲ့တယ်လို့သိပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မင်းတပ် နဲ့ ကန်ပက်လက်မြို့တို့ကို စစ်အင်အား ၂၀၀၀ ဝန်းကျင်ဖြင့် မေလလယ်လောက် ကနေ စတင်ထိုးစစ်ဆင်နေတာဖြစ်ပြီး လက်ရှိမှာ မင်းတပ်မြို့ နဲ့ ကျောက်ထုမြို့အကြားမှာ တိုက်ပွဲတွေပြင်းထန်တယ် လို့ သိရပါတယ်။

ဒီကနေ့မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်မှာ ကန်ပက်လက်မြို့အရှေ့ခြမ်းတနေရာကို ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တွေ နဲ့ ၈ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်သွားတယ်လို့သိရပါတယ်။



 
 
 

Comments


bottom of page