တိုက်ပွဲဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေတဲ့ CDF-Zotung ရဲဘော်တစ်ဦးကျဆုံး
- thevoiceofchinland
- May 4
- 1 min read
VOC/ May 4, 2026
ကလေး-ဖလမ်းကြား စစ်ဆင်ရေးမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ CDF-Zotung ရဲဘော် ဆလိုင်းထောင်သိန်းမန်ဟာ ဆေးကုသမှုခံယူရင်း ယနေ့မေလ ၄ ရက်နေ့မှာ ကျဆုံးသွားတယ်လို့ သိရပါတယ်။
ဆလိုင်းထောင်သိန်းမန်ဟာ မိမိကတိပြုခဲ့သော စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖယ်ဒရယ်ဒီမိုကရယ်စီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ရင်း ကလေး-ဖလမ်းကြား စစ်ဆင်ရေးမှာ မတ်လ (၁၅) ရက်နေ့က ပြင်းထန်စွာဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရရှိပြီးနောက် လွတ်မြောက်နယ်မြေတစ်နေရာမှာ ဆေးကုသမှု ခံယူရင်း ဒီကနေ့ မေလ (၄) ရက်နေ့ မြင့်မြတ်စွာ ကျဆုံးသွားတယ်လို့ CDF-Zotung က ထုတ်ပြန်ပါတယ်။
မြင့်မြတ်စွာ ကျဆုံးသွားသော ရဲဘော်ဆလိုင်းထောင်သိန်းမန်ရဲ့ ပေးဆပ်မှုကို လေးစားဂုဏ်ပြုကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းကြောင်း CDF-Zotung ကထုတ်ပြန်ပါတယ်။




Comments