top of page

ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓာတ်၊ ခံယူချက်နဲ့ စွန့်လွှတ်အနစ်နာခံမှုတို့ကို အတုယူပြီးရှေ့ဆက်တိုက်ပွဲဝင်ကြဖို့ ချင်းလဲန်းကောင်စီတိုက်တွန်း

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

VOC/ June 26, 2026


ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓာတ်၊ ခိုင်မာသော ခံယူချက် နဲ့ စွန့်လွှတ်အနစ်နာခံမှုကို အတုယူပြီး ရှေ့ဆက်တိုက်ပွဲဝင်ကြဖို့ ချင်းလဲန်းကောင်စီက တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေးကွပ်မျက်ခံရတဲ့ နှစ် ၅၀ ပြည့်မြောက်တဲ့နေ့မှာ ချင်းလဲန်းကောင်စီက ခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ကျောင်းသားတစ်ဦးဖြစ်သော ဆလိုင်း တင်မောင်ဦးဟာ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ ပြည်သူ့အခွင့်အရေးအတွက် မိမိအသက်ကို စတေးခဲ့သူဖြစ်တယ်လို့ ဆိုပါ တယ်။

ဆလိုင်းတင်မောင်ဦးရဲ့ ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်၊ မယိမ်းယိုင်တဲ့ ခံယူချက်နဲ့ ပြည်သူအပေါ်ထားရှိတဲ့ တာဝန်သိစိတ် တို့ဟာ ယနေ့ထိတိုင် မျိုးဆက်တွေအတွက် အတုယူဖွယ် အမွေအနှစ်တစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်တယ်လို့ ချင်းလဲန်း ကောင်စီကပြောပါတယ်။

လေးစားဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်ကို ဂုဏ်ပြုသောအားဖြင့် ဇွန်လ ၂၆ ရက်နေ့ကို "ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် နေ့" ဆိုပြီး ချင်းလဲန်းကောင်စီက နေ့ထူးနေ့မြတ်အဖြစ်သတ်မှတ်ထားပါတယ်။

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးတာ ခုဆိုရင် နှစ်ပေါင်း (၅၀) ကျော်ရှိလာပေမယ့် စစ်အာဏာ ရှင်စနစ်ရဲ့ အကြမ်းဖက်မှုတွေဟာ မရပ်တန့်သေးဘဲ ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ အနာဂတ်ကို ဆက်လက်ဖျက်ဆီး နေဆဲဖြစ်တယ်လို့ ချင်းလဲန်းကောင်စီကပြောပါတယ်။

ဒါကြောင့် ဒီစစ်အာဏာရှင်ရဲ့ မတရားမှုကို အမြစ်ဖြတ်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတစ်ခုကို အတူတကွ တည်ဆောက်နိုင်ဖို့ ဆလိုင်းတင်မောင်ဦးရဲ့ မယိမ်းယိုင်သော စိတ်ဓာတ်၊ ခိုင်မာသော ခံယူချက်နဲ့ စွန့်လွှတ်အနစ်နာခံမှုတို့ကို အားလုံး အတုယူကာ ရှေ့ဆက် တိုက်ပွဲဝင်ကြဖို့ ချင်းလဲန်းကောင်စီက တိုက်တွန်း ထားပါတယ်။

ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် သတ္တဗေဒ ကျောင်းသားဖြစ်တဲ့ ဆလိုင်းတင်မောင်ဦးဟာ ၁၉၆၉ ကျွန်းဆွယ် အားကစား ပွဲ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၂ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ အလုပ်သမားသပိတ်၊ ဦးသန့်အရေးခင်းနဲ့ ၁၉၇၆ မှိုင်းရာပြည့်လှုပ်ရှားမှုစတဲ့ လှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင် လှုပ်ရှားခဲ့ပါတယ်။

၁၉၇၆ ခုနှစ် မှိုင်းရာပြည့်လှုပ်ရှားမှုမှာ ဖမ်းဆီးခံရပြီးနောက် ၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်‌နေ့မနက် ၄ နာရီမှာ စစ်အာ ဏာရှင်ဗိုလ်နေဝင်းက ဆလိုင်းတင်မောင်ဦးကို အင်းစိန်ထောင်‌ထဲမှာ လူမသိသူမသိ အတင်းအဓမ္မခေါ်ထုတ်ကာ ကြိုးပေး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။



 
 
 

Comments


bottom of page