top of page

စလင်းမြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ပြီး ၆ ဦးသေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

VOC/ June 26, 2026


မကွေးဒေသ၊ စလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က တပ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မင်းဘူးခရိုင်၊ စလင်းမြို့နယ်ကို ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ မိုးဝန်းသရက်ချဥ်ဂိတ် နဲ့ ကျွဲကျောင်း ပြည်သူ့စစ် ပူးပေါင်းအင်အား ၁၂၀ ပါစစ်ကြောင်းကို ဇွန်လ ၁၄ ရက်မှာ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်း ၂ နဲ့ စစ်ကြောင်း ၄ တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီ ထိတွေ့တိုက်ပွဲမှာ အကြမ်းဖက်စစ်သား အများအပြား ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး၊ ပြည်သူ့နေအိမ်တွေက ခိုးယူ လာခဲ့တဲ့ ပစ္စည်းတွေ စွန့်ပစ်ကာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးကို ကြားကာလ မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်း (၂) နဲ့ စစ်ကြောင်း (၄) တို့က ဦးဆောင်ပြီး စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ မကွေးခရိုင် ပကဖ တပ်ခွဲတွေက အတူတကွ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြတာလို့သိရပါတယ်။

ကြားကာလမကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းတွေဟာ အကြမ်းဖက်စစ်တပ်ကို အစွမ်းကုန်တိုက်ခိုက်သွားမှာဖြစ်ပြီး၊ လူထုအပေါ် ရက်စက်ကြမ်းကြုတ်နေတဲ့ လုပ်ရပ်တွေကို ပြတ်သားစွာ တုံ့ပြန်ဆောင်ရွက်မယ့်အပြင်၊ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဖော်ပြထားပါတယ်။



 
 
 

Comments


bottom of page