top of page

စပါးစ်ကို အနိုင်ယူကာ နယူးယောက် နစ်ခ်စ် ၅၃ နှစ်အတွင်း ပထမဆုံး NBA ချန်ပီယံ ဖြစ်လာ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 16
  • 1 min read

VOC/ June 13 2026


ဇွန်လ ၁၃ ရက် စနေနေ့ညက ကစားသွားတဲ့ NBA ဘတ်စကက်ဘော ဗိုလ်လုပွဲ (NBA Finals) ပွဲစဉ်(၅) တွင် နယူးယောက် နစ်ခ်စ် (New York Knicks) အသင်းက ဆန်အန်တိုနီယို စပါးစ် (San Antonio Spurs) ကို ၉၄ မှတ် - ၉၀ မှတ်နဲ့ အနိုင်ရရှိ လိုက်ပါတယ်။ နစ်ခ်စ် အသင်းဟာ ၁၉၇၃ ခုနှစ်နောက်ပိုင်း ၅၃ နှစ်အတွင်း ပထမဆုံးအကြိမ် NBAချန်ပီယံဆုကြီးကို ဆွတ်ခူး နိုင်ခဲ့ပါတယ်။

ပွဲအစပိုင်းမှာ စပါးစ်အသင်းက ၁၆ မှတ်အထိအပြတ်အသတ် ဦးဆောင်ထား ပေမဲ့ နစ်ခ်စ်က စတုတ္ထပိုင်းမှာ ပြန်လည်ဖိအားပေးကစားနိုင်ခဲ့ပြီး စီးရီးကို ၄-၁ နဲ့ အနိုင်ရကာ ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီသမိုင်းဝင်အောင်ပွဲမှာ နစ်ခ်စ်အသင်းရဲ့ ကြယ်ပွင့် ဂျေလင် ဘရွန်ဆင် (Jalen Brunson) က ၄၅ မှတ်အထိ ရယူပေးခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် NBA Finals ပွဲတစ်ပွဲအတွင်း အမှတ်အများဆုံး ရယူနိုင်တဲ့ ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တယ်။ ဘရွန်ဆင်ဟာ စတုတ္ထပိုင်းမှာ ၁၃ မှတ်ရယူပေးခဲ့သလို ပွဲပြီးဆုံးဖို့ ၆၅ စက္ကန့်အလိုမှာ အရေးပါတဲ့ ဖလုတ်တာဂိုးကို သွင်းယူပေးခဲ့ပြီး ဗိုလ်လုပွဲ အကောင်းဆုံး Finals MVP ဆုကိုလည်း ရရှိခဲ့ပါတယ်။

ဘရွန်ဆင်ဟာ ၂၇ ကြိမ်မှာ ၁၄ ကြိမ်ဝင်ခဲ့ပြီး ဖရီးသရိုး ၁၅ ကြိမ်အနက် ၁၃ ကြိမ် အောင်မြင်ခဲ့ ပါတယ်။ နစ်ခ်စ်အသင်းအတွက် မိုင်ကယ် ဘရစ်ဂျက်စ်က ၁၄ မှတ်၊ ဂျော့ရှ် ဟတ်က ၁၃ မှတ်စီ ထပ်မံကူညီပေးခဲ့တာ ဖြစ်ပါတယ်။

စပါးစ်အသင်းဘက်မှာ ဗစ်တာ ဝမ်ဘန်ယားမားက ၁၉ မှတ်၊ ရီဘောင်း ၁၄ ကြိမ်နဲ့ ဘလောက် ၅ ကြိမ် ရယူနိုင်ခဲ့ပြီး ဒီလန် ဟာပါးက အသင်းအတွက် အများဆုံး ၂၅ မှတ် ရယူပေးခဲ့ပါတယ်။

“ကျွန်တော် ဘာပြောရမလဲတောင် မသိတော့ပါဘူး။ ဒါဟာ ကျွန်တော် တစ်သက်လုံး မက်ခဲ့တဲ့ အိပ်မက်ပါ” လို့ ဘရွန်ဆင်က အောင်ပွဲခံနေစဉ် ပြောခဲ့ပါတယ်။

နစ်ခ်စ်အသင်းဟာ နယူးယောက်မြို့မှာ နှစ်ပေါင်း ၅၀ ကျော် စောင့်မျှော်ခဲ့ရတဲ့ ချန်ပီယံအောင်ပွဲကို နောက်ဆုံးမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။


Source: ESPN



 
 
 

Comments


bottom of page