top of page

စစ်အုပ်ချုပ်ရေးပြန်လည်ပတ်ဖို့ Non-CDM ဝန်ထမ်း ၁၀၀ ကျော် ဖလမ်းမြို့ကိုရောက်ရှိ

  • Writer: thevoiceofchinland
    thevoiceofchinland
  • 6 days ago
  • 1 min read

VOC/ May 6, 2026


ချင်းပြည် ဖလမ်းမြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်အုပ်ချုပ်ရေးယန္တရားပြန်လည်ပတ်ဖို့အတွက် Non-CDM ဝန်ထမ်း ၁၀၀ ကျော်ဟာ ယနေ့ညနေပိုင်းမှာ ကလေးမြို့ကနေ ဖလမ်းမြို့ကိုရောက်ရှိလာကြပြီလို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဧပြီလ ၂၅ ရက်နေ့က ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက်မှာ စစ်အုပ်ချုပ်ရေး ယန္တရား လည်ပတ်ဖို့ ကလေးမြို့မှာ စစ်ဘေးရှောင်နေကြတဲ့ ဖလမ်းမြို့က Non-CDM ဝန်ထမ်း ၁၀၀‌ ကျော်ကို ဒီကနေ့ မေလ ၆ ရက်နေ့မှာ ဖလမ်းမြို့ကို စေလွှတ်လိုက်တာဖြစ်ပါတယ်။

ဒီကနေ့မေလ ၆ ရက် မနက်ပိုင်းမှာ Non-CDM ဝန်ထမ်းတွေဟာ ကလေးမြို့ကနေ ကလေး - သိုင်းငင်း ကားလမ်း အတိုင်း အကြမ်းဖက်စစ်တပ်က လုံခြုံရေးယူပေးပြီး ကား၊ မော်တော်ဆိုင်ကယ်တွေနဲ့ ဖလမ်းမြို့ထွက်ခွါလာကြကာ ညနေပိုင်းမှာ ဖလမ်းမြို့ကိုရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။



 
 
 

Comments


bottom of page