top of page

စစ်ဘေးရှောင်ရာမှ နေရပ်ပြန်သွားတဲ့ မတူပီဒေသခံတစ်ဦး မိုင်းနင်းမိလို့သေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 16
  • 1 min read

VOC/ June 13, 2026


စစ်ရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်ဘက်ကို ကာလရှည်ကြာ စစ်ဘေးတိမ်းရှောင်ပြီးနောက် နေရပ်သို့ ပြန်သွားတဲ့ မတူပီမြို့နယ် ငလိုင်ကျေးရွာဒေသခံ သက်ကြီးပိုင်းအမျိုးသားတစ်ဦးဟာ မိမိနေအိမ်ခြုံဝင်းအတွင်း မိုင်းနင်းမိလို့ သေဆုံးသွား တယ်လို့သိရ ပါတယ်။

မတူပီမြို့နယ် ငလိုင်ကျေးရွာဒေသခံ အသက် ၇၁ နှစ်အရွယ် ဦးထန်ပေါလ်ဟာ ဒီကနေ့မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ ထမင်းဟင်းချက်ပြီး အိမ်သာသွားတဲ့အချိန်မှာ မိုင်းနင်းမိခဲ့တာကြောင့် သေဆုံးသွားတာလို့သိရပါတယ်။

ဦးထန်ပေါလ်ဟာ ၂၀၂၂ ခုနှစ်ကတည်းက မီဇိုရမ်ပြည်နယ်၊ လုံးလေခရိုင်၊ ထိုင်ဇောလ် စစ်ရှောင် စခန်းမှာ စစ်ဘေး ရှောင်အဖြစ်နေထိုင်ခဲ့တာဖြစ်ပြီး မကြာသေးခင်လပိုင်းကမှ နေရပ်ဒေသ ငလိုင်ကျေးရွာကို ပြန်သွားခဲ့တာလို့ သိရပါ တယ်။

ချင်းပြည်မှာ တိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်တပ်ထောင်ထားတဲ့ မိုင်းတွေကြောင့် ဒေသခံပြည်သူတွေ မကြာခဏသေဆုံးမှုဖြစ်ပွားလျက်ရှိပါတယ်။

ချင်းရေးရာအဖွဲ့ချုပ်- ICA ရဲ့ စာရင်းမှတ်တမ်းတွေအရ ချင်းပြည်မှာ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၅ခုနှစ် မေလ ၃၁ ရက်အထိမြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူ နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၈၃ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၃၅ ဦး ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။



 
 
 

Comments


bottom of page