top of page

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ကိုသွားမည်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 12
  • 1 min read

VOC/ June 12, 2026


အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မကြာခင်ရက်ပိုင်းအတွင်းမှာ တရုတ်နိုင်ငံကို သွား ရောက်ဖို့ရှိတယ်လို့သိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ မင်းအောင်လှိုင်ဟာ သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက် အရ ဇွန်လ ၁၅ ရက်ကနေ ၁၉ ရက်အထိ တရုတ်နိုင်ငံကိုသွားရောက်မယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်မှာ မတရားစစ်အာဏာသိမ်းပြီးနောက်ပိုင်း အတုအယောင်ရွေးကောက်ပွဲကျင်းပကာ ကိုယ့်ကိုယ်ကို သမ္မတ ရာထူးခန့်အပ်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့လက သူ့ရဲ့ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အိန္ဒိယကိုသွားရောက်ခဲ့ပါ တယ်။

နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဖယ်ကျဉ်ခံရလို့ အထီးကျန်စံဖြစ်နေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယကနေ ပြန်လာပြီး သတင်းပတ်အနည်းငယ်အကြာမှာ တရုတ်နိုင်ငံကို ဒုတိယ မြောက်ပြည်ပခရီးစဉ်အဖြစ် သွားရောက်မှာဖြစ်ပါတယ်။

အိန္ဒိယခရီးစဉ်မှာတော့ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေးကိစ္စ၊ သုံးနိုင်ငံ အဝေးပြေးလမ်းစီမံကိန်း ပြန်စဖို့အပါအဝင် နယ်စပ်လုံခြုံရေးကိုပါ ဆွေးနွေးခဲ့ကြပါတယ်။

ယခု တရုတ်ခရီးစဉ်မှာတော့ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးမိုမိုခိုင်မာစေရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင် ရာနဲ့ ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးတို့ ဆွေးနွေးကြမယ်လို့ စစ်အုပ်စုဘက်က ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံအပေါ် သိသိသာသာ ဩဇာလွှမ်း မိုးမှုရှိလာတာတွေ့ရပြီး၊ တရုတ်-မြန်မာနယ်စပ်ဘက်မှာအခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အပေါ်မှာ တရုတ်ရဲ့ဩဇာသက်ရောက်မှုတွေဟာ ကြီးကြီးမားမားရှိနေခဲ့တာဖြစ်ပါတယ်။



 
 
 

Comments


bottom of page