စစ်ကိုင်း-ကချင်အစပ် မော်လူးမြို့ကို အကြမ်းဖက်စစ်တပ်က ပြန်ထိန်းချုပ်
- thevoiceofchinland
- 6 days ago
- 1 min read
VOC/ May 5, 2026
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာရှိတဲ့ မော်လူးမြို့ကို အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက ပြန်လည်ထိန်း ချုပ်လိုက်ပြီလို့ သိရပါတယ်။
ယနေ့ မေလ ၅ ရက် မနက်ပိုင်းမှာ မော်လူးမြို့ကို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့တွေ ပြန်လည်သိမ်းယူထိန်းချုပ်လိုက်ပြီလို့ စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာဓာတ်ပုံတွေနဲ့ဖော်ပြလာပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က အင်းတော်မြို့ကို အကြမ်းဖက်စစ်အုပ်စုက ပြန်လည်သိမ်းယူခဲ့ပြီးနောက် အင်းတော် မြို့ကနေ ၂၁ မိုင်ခန့်သာကွာဝေးတဲ့ မော်လူးမြို့ကို ထပ်မံသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
မော်လူးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့တွေက သိမ်းယူထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကိုင်းတိုင်း နဲ့ ကချင်ပြည်နယ်အစပ်မှာတည်ရှိတဲ့ ကုန်သွယ်ရေးအရ အရေးပါတဲ့ ကသာ၊ အင်းတော်၊ မော်လူးမြို့ တို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်လက်လွတ်လိုက်ရပြီဖြစ်ပါတယ်။








Comments