စကော့တလန်ကို အပြတ်အသတ်အနိုင်ယူပြီး နောက်တဆင့်ကို တက်လှမ်းသွားတဲ့ ဘရာဇီး (ဘရာဇီး ၃-၀ စကော့တလန်)
- thevoiceofchinland
- Jun 25
- 1 min read
VOC/ Sports/ June 25, 2026
မိုင်ယာမီ (Miami) မှာ ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု (C) ပွဲစဉ်မှာ ဘရာဇီးအသင်းက စကော့တလန်အသင်းကို ၃ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရပြီး ၃၂ သင်းအဆင့်ကို အားအင်အပြည့်နဲ့ တက်လှမ်းသွားပြီ ဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ ကြည့်ကောင်းပြီး ခြေစွမ်းပြနိုင်ကာ ဘရာဇီးအသင်းရဲ့ တက်ကြွတဲ့အသင်းလိုက်ကစားကွက်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။
ဘရာဇီးအသင်းဟာ နည်းပြ Carlo Ancelotti ရဲ့လက်အောက်မှာ ၂၀၀၂ ခုနှစ်နောက်ပိုင်း ဆဌမအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးဖို့ ရေပန်းစားနေပါတယ်။ အုပ်စုတွင်းမှာ မော်ရိုကိုနဲ့ ဘရာဇီးအမှတ်တူပေမယ့် ဂိုးကွာခြားချက်အရ ဘရာဇီးကအုပ်စုပထမနေရာကနေ နောက်တဆင့်တက်လှမ်းနိုင်တာ ဖြစ်ပါတယ်။
ဘရာဇီးအသင်းသည် ပွဲအစ ၇ မိနစ်မှာတင် ပွဲကို စတင်စိုးမိုးနိုင်ခဲ့ပြီး စကော့တလန်နောက်ခံလူ စကော့ မက်ကင်နာ Scott McKenna ထံက ဘောလုံးကို Rayan က ဖိအားပေးလုယူရာမှ Vinícius Júniorကို ရောက်ရှိကာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ Vinícius ဟာ ၂၂ မိနစ်မှာ ဒုတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် စကော့တလန်နောက်ခံလူ Jack Hendry ကို ကျော်လွန်ခဲ့တဲ့အတွက် VAR က ဂိုးမပေးခဲ့ပါဘူး။ ဒါပေမဲ့ ပွဲစဉ် ပထမအပိုင်းအပြီး နာကျင်ချိန်ပို ၃ မိနစ်မှာ Vinícius ဟာ ဘရာဇီးအသင်းအတွက် ဒုတိယမြောက်ဂိုးကို ထပ်ပြီး သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းမိနစ် ၆၀ မှာတော့ Matheus Cunha က အသင်းအတွက် တတိယမြောက် ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာ ၂၀၂၃ ခုနှစ်နှောင်းပိုင်းကတည်းက နိုင်ငံတကာပွဲတွေမကန်ဖြစ်တဲ့ ဘရာဇီးကစားသမား Neymar ပွဲပြီးကာနီး ၁၄ မိနစ်မှာ လူစားလဲပြီး ဝင်လာတဲ့အတွက် ပရိသတ်တွေ အားပေးခဲ့ကြပါတယ်၊ ဒီပွဲစဉ်မှာ Neymar ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့် ဘရာဇီးပရိသတ်များက သူပြန်လည်ပါဝင်လာခြင်းကို ဝမ်းမြောက်စွာ ချီးကျူး အော်ဟစ် ဂုဏ်ပြုခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ခြေစွမ်းပြနေတဲ့ Vinícius ကတော့ ဒီပွဲမှာ နှစ်ဂိုးသွင်းယူထားသလို ဒီနှစ်ကမ္ဘာ့ဖလားမှာ ၄ ဂိုးသွင်း ၁ ဂိုးပံ့ပိုးပေးထားပါတယ်။
Source: X, Fx Sport




Comments