ငဖဲမြို့နယ်ထဲက အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်၊ အရာရှိတစ်ဦးအပါ ၃ ဦးသေ
- thevoiceofchinland
- Apr 22
- 1 min read
VOC/ April 22, 2026
မကွေးတိုင်း ငဖဲမြို့နယ်ထဲမှာ အခြေစိုက်ထားတဲ့ အမှတ်(၁၄) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ-၁၄) ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာမှာ ဗိုလ်အဆင့်ရှိအရာရှိတစ်ဦး နဲ့ အခြားအဆင့် ၂ ဦးတို့ ပွဲချင်းသေဆုံး ခဲ့တယ်လို့ CDF-Asho ကယနေ့ထုတ်ပြန်ပါတယ်။
ငဖဲမြို့နယ် ရှောက်တောင်ကျေးရွာအနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ-၁၄ ကို ဧပြီလ ၂၀ ရက် နေ့လယ် ၂ နာရီမှာ CDF-Asho နဲ့ လူ့ဘောင်သစ်တပ်မတော်-NSA တို့က ရှော့တိုက်ဒုံးဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
ကာကွယ်ရေးပစ္စည်းသိုလှောင်ရုံ နဲ့ ထုတ်လုပ်ရေးစက်ရုံ နေရာတွေကို ဦးတည်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဗိုလ်အဆင့်ရှိ အရာရှိ ၁ ဦး နဲ့ အခြားအဆင့် ၂ ဦးတို့ ပွဲချင်းသေ ဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်သား ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကြောက်လန့်တကြား ထွက်ပြေးသွားကြတဲ့ အကြမ်းဖက်တပ်ဖွဲ့ဝင်အချင်းချင်းလိုက်လံဖမ်းဆီးမှုတွေလည်းရှိနေကြောင်း CDF-Asho ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။




Comments