top of page

ဂျတ်စတင် ဂေ့သ်ဂျီ က ရှုံးပွဲမရှိသေးတဲ့ တိုပူရီးယာ ကို အနိုင်ယူပြီး UFC လိုက်ဝိတ်ချန်ပီယံ ဖြစ်လာ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 16
  • 1 min read

VOC/ Sport/ 15 June 2026


အမေရိကန်တိုက်ခိုက်ရေးသမား ဂျတ်စတင် ဂေ့သ်ဂJustin Gaethje က ရှုံးပွဲမရှိသေးတဲ့ Ilia Topuria ကို UFC Freedom 250 ပွဲမှာ အနိုင်ယူပြီး UFC လိုက်ဝိတ်တန်း အငြင်းပွားဖွယ်မရှိ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

UFC Freedom 250 အဓိကပွဲစဉ်မှာ အမေရိကန်ဖိုက်တာ ဂျတ်စတင် ဂေ့သ်ဂျီက အီလီယာ တိုပူရီးယာကို စတုတ္ထချီအပြီး ထောင့်ဘက်က ပွဲရပ်နားလိုက်ရတဲ့အထိ ပြင်းပြင်းထန်ထန် ထိုးသတ်နိုင်ခဲ့ပြီး UFC လိုက်ဝိတ် ချန်ပီယံခါးပတ်ကို ရရှိသွားပါတယ်။

ပထမနှစ်ချီမှာ တိုပူရီးယာက အသာစီးရခဲ့ပြီး ဂေ့သ်ဂျီကို ကိုယ်ပိုင်းထိုးချက်တွေနဲ့ ဖိအားပေးနိုင်ခဲ့ပေမဲ့ တတိယချီကစပြီး ဂေ့သ်ဂျီက ပွဲကို ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။

ဂေ့သ်ဂျီရဲ့ ပြင်းထန်တဲ့ ထိုးချက်တွေကြောင့် တိုပူရီးယာရဲ့ မျက်နှာမှာ သွေးထွက်ဒဏ်ရာနဲ့ ရောင်ရမ်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပဉ္စမချီကို ဆက်မထိုးနိုင်တော့ဘဲ ပွဲရပ်နားခဲ့ရပါတယ်။

အသက် ၃၇ နှစ်အရွယ် ဂေ့သ်ဂျီအတွက်တော့ ဒီအောင်ပွဲဟာ သူရဲ့ UFC ကစားသမားဘဝ ပထမဆုံး အငြင်းပွားဖွယ်မရှိတဲ့ လိုက်ဝိတ်ချန်ပီယံဘွဲ့ကို ရယူနိုင်ခဲ့တဲ့ အောင်ပွဲလည်း ဖြစ်ပါတယ်။

UFC မှတ်တမ်း ၁၁ ပွဲနိုင်၊ ၅ ပွဲရှုံးရှိတဲ့ ဂေ့သ်ဂျအတွက်တော့ ယခုအောင်ပွဲဟာ ကာလရှည်စောင့်မျှော်ခဲ့ရတဲ့ UFC လိုက်ဝိတ်တန်း ချန်ပီယံဘွဲ့ကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။


Source: UFC



 
 
 

Comments


bottom of page