ခင်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံး၊ နေအိမ် ၂၀ ကျော်ပျက်စီး
- thevoiceofchinland
- May 25
- 1 min read
VOC/ May 22, 2026
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာစဉ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က မနေ့ညက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ မှာ အရပ်သားပြည်သူ ၄ ဦးသေဆုံးပြီး နေအိမ် ၂၀ ကျော်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက ရွာစဉ်ကျေးရွာကို မေလ ၂၁ ရက်ည ၉ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၄၅ နှစ် နဲ့ ၂၀ အရွယ်အမျိုးသား ၂ ဦး နဲ့ အသက် ၆၂ နှစ် နဲ့ ၂၇ နှစ်အရွယ် အမျိုးသမီး ၂ ဦး စုစုပေါင်း ၄ ဦးသေဆုံးခဲ့တာလို့ဆိုပါတယ်။ ဒါ့အပြင် လူနေအိမ် ၂၀ ကျော်မီးလောင်ပြိုကျပျက်စီးခဲ့ရတယ်လို့ ဆိုပါ တယ်။
မေလ ၂၀ ရက်နေ့ကလည်း ရွှေဘိုမြို့နယ်မှာအခြေစိုက်ထားတဲ့ အကြမ်ဖက်စစ်တပ်ရဲ့ အမှတ် ၈ စစ်လေ့ကျင့်ရေး ကျောင်းကနေလည်း အသေခံဒရုန်း Suicide Drone (၂)စီးဖြင့် အရပ်သား နေအိမ် အဆောက်အဦး ဆိုင်ခန်းတွေကို ဗုံးသီးချ တိုက်ခိုက်မှု ကြောင့် နေအိမ် အဆောက်အဦးနဲ့ ဆိုင်ခန်းတွေပျက်စီးခဲ့ရတယ်လို့ဖော်ပြပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စစ်ရေးပစ်မှတ် နဲ့ အရပ်သားပစ်မှတ်ခွဲခြားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ် နေတာကြောင့် ပြည်သူတွေ လေကြောင်းသတိပေးချက်ကို သတိထားဖို့၊ ဗုံးခိုကျင်းတူးဖော်ဖို့နဲ့ ဗုံးခိုကျင်းထဲ ကြိုတင် ရှောင်ကြဖို့ သတိပေးထားပါတယ်။








Comments