top of page

ခွန်းလီ တိုက်ပွဲမှာ CDF-Hualngoram ရဲဘော်တစ်ဦးထပ်မံကျဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 17
  • 1 min read

VOC/ April 17, 2026

ချင်းပြည် ဖလမ်းမြို့နယ် ခွန်းလီ(Khuangli) ကျေးရွာအနီးတိုက်ပွဲမှာ CDF-Hualngoram ရဲဘော်တစ်ဦး ထပ်မံကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ယနေ့ ဧပြီလ ၁၇ ရက် မနက်ပိုင်းကစလို့ ဖလမ်းမြို့နဲ့ ၁၀ မိုင်ခန့်အကွာ ခွန်းလီကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ် နဲ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အဲဒီတိုက်ပွဲမှာ CDF-Hualngoram ရဲဘော် Lallawmsanga ကျဆုံးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့က ခွန်းလီ ကျေးရွာအနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကုန်းတစ်ခုကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီး အဲဒီစခန်းသိမ်းတိုက်ပွဲမှာ CDF-Hualngoram ရဲဘော် Thiang Kim Thang (ခေါ်) Thang Pu ကျဆုံးခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ခွန်းလီကျေးရွာအနီးမှာ အခိုင်အမာစခန်းချထားပြီး ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ နဲ့ နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်နေတယ်လို့သိရပါတယ်။


 
 
 

Comments


bottom of page