top of page

ချွန်ကျုံးရွာက အကြမ်းဖက်စစ်သား ၁၁ ဦး ချင်းတပ်ဖွဲ့ စနိုက်ပါ လက်ချက်ဖြင့်သေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 15
  • 1 min read

နယ်မြေရှင်းလင်းရေးဆောင်ရွက်မှာ စွန့်ပစ်ခံရတဲ့ အကြမ်းဖက်စစ်သား ၆ ဦးရဲ့အလောင်းတွေ့ရှိ


VOC/ May 15, 2026

ဖလမ်းမြို့ကနေ စစ်ကြောင်းထိုးလာပြီး ဟားခါးမြို့နဲ့ ၁၀ မိုင်ခန့်အကွာ ချွန်ကျုံးရွာမှာရောက်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ချင်းပြည်(Chinland) အစိုးရတပ်ဖွဲ့တွေက စနိုက်ပါ (Sniper) နဲ့ပစ်ခတ်ရာမှာ ယနေ့မေလ ၁၅ ရက်နေ့မှာ ၁၁ ဦးသေဆုံး တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် ဖလမ်း-ဟားခါးလမ်းပိုင် ပြန်လည်ထိန်းချုပ်ရန် ဟားခါးမြို့ ဘက်ကို စစ်ကြောင်းထိုးလာပြီး မေလ ၁၄ ရက်နေ့က ချွန်ကျုံးရွာကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

ချင်းပြည်(Chinland) အစိုးရတပ်ဖွဲ့တွေနဲ့ တောက်လျှောက်တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့မေလ ၁၅ ရက်နေ့မှာ Sniper လက်ချက်ဖြင့် အကြမ်းဖက်စစ်သား ၁၁ ဦးသေဆုံးခဲ့တာလို့ ခိုင်လုံတဲ့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

သေဆုံးသူတွေထဲမှာ တပ်သားတွေကို အမိန့်ပေး နေတဲ့ တပ်ရင်းမှူးလို့ယူဆရသူတစ်ဦးလည်းပါဝင်တယ်လို့ ဆိုပါ တယ်။ အဲဒီနောက် အကြမ်းဖက်စစ်တပ်ဘက်က ဒရုန်းဖြင့်အကြိမ်ကြိမ်တိုက်ခိုက်လာပေမယ့် ချင်းပြည်(Chinland) အစိုးရတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘူးသိရပါတယ်။

ချင်းပြည်(Chinland) အစိုးရတပ်ဖွဲ့ဝင်တွေဟာ အရင်ရက်တွေတုန်းက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ Laikua စေတီကုန်း၊ တာဝါတိုင်ကုန်း၊ Tlangzar၊ Ramthlo ရွာတို့ကို နယ်မြေရှင်းလင်းရာမှာ စွန့်ပစ်ခံထားရတဲ့ အကြမ်းဖက်တပ်သားတွေရဲ့ ရုပ်အလောင်း ၆ လောင်းတွေ့ရှိခဲ့ကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲအတွင်းအထိနာတာကြောင့် ယနေ့ည ၇ နာရီဝန်းကျင်မှာ ချွန်ကျုံးရွာကို ထပ်မံ မီးရှို့ခဲ့ တယ်လို့လည်း သိရပါတယ်။



 
 
 

Comments


bottom of page