ချင်းအမျိုးသားတက္ကသိုလ် အကြိုကောလိပ်ဒီပလိုမာသင်တန်း (Diploma in Community Development) တတိယအသုတ်အတွက် လျှောက်လွှာခေါ်ယူခြင်း
- thevoiceofchinland
- Jun 2
- 1 min read
VOC/ June 1, 2026
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် စတင်ဖွင့်လှစ်မည့် ချင်းအမျိုးသားတက္ကသိုလ် (The Chin National University-CNU) ၏ အကြိုကောလိပ်ဒီပလိုမာသင်တန်း (Diploma in Community Development) တတိယအသုတ်သို့ အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည်။
၁။ ၂၀၂၁ - ၂၀၂၅ ခုနှစ်အတွင်း အခြေခံပညာပြီးမြောက်ကြောင်းလက်မှတ် (BECC of Chinland MoE or NUG MoE) ရရှိထားသူများ
၂။ စစ်အာဏာသိမ်းမှုကြောင့် တက္ကသိုလ်ဆက်မတက်တော့ဘဲ ရပ်နားထားသူများ
၃။ အိမ်နီးချင်းနိုင်ငံများမှ Grade 12 အောင်မြင်ခဲ့သူများ
၄။ GED (General Education Development) စာမေးပွဲဖြေဆိုအောင်မြင်ထားသူများ
၅။ IGCSE (International General Certificate of Secondary Education) စာမေးပွဲဖြေဆိုအောင်မြင်ထား သူများ
၆။ တိုင်းရင်းသားပညာရေးစနစ်များမှ အထက်တန်းပညာပြီးမြောက်အောင်မြင်ထားသူများ
၇။ အကြိုကောလိပ်ဒီပလိုမာသင်တန်း (Diploma in Community Development) ဒုတိယအသုတ်လျှောက်ထားခဲ့သော သူများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါသည်။
မှတ်ချက်
ပညာရေးအဖွဲ့၊ ချင်းအမျိုးသားတက္ကသိုလ်၏ ဆုံးဖြတ်ချက်သည်သာလျှင် အတည်ဖြစ်သည်။
လိုအပ်သော ပညာအရည်အချင်း လက်မှတ်အထောက်အထားမိတ္တူများ၊ သက်ဆိုင်ရာ မြို့နယ်/ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေး ဌာန၏ ထောက်ခံစာများ ပူးတွဲထည့်ပေးရမည်။
အချိန်မီ မရောက်ရှိသော လျှောက်လွှာများနှင့် ပြည့်စုံစွာ မဖြည့်သွင်းထားသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
အိမ်နီးချင်းနိုင်ငံများမှ Grade 12 အောင်မြင်သူများသည် အောင်လက်မှတ်အပြင် ကျောင်းအုပ် ထောက်ခံစာပါ ပူးတွဲတင်ပြနိုင်ရမည်။
သင်တန်းပြီးဆုံးသည်အထိ အမှန်တကယ် တက်ရောက်နိုင်သူဖြစ်ရမည်။
ဝင်ခွင့်ရပါက တက္ကသိုလ်ဘက်က ပြန်လည်အကြောင်းကြားပေးမည်။
လျှောက်ပိတ်ရက် - ၂၂.၆.၂၀၂၆ (တင်္နလာနေ့)
လျှောက်လွှာ - https://forms.gle/boJAybtQiiDxbiXg9
• Google forms ဖြင့် လျှောက်လွှာဖြည့်စွတ်ရန် အဆင်မပြေသူများသည် chinnationaluniversity@gmail.com ကို word form တောင်းခံနိုင်ပါသည်။




Comments