top of page

ချင်းပြည်ရဲ့ ၇ မြို့နယ်အပါအဝင် မြို့နယ်ပေါင်း ၆၀ ကို အရေးပေါ်အခြေအနေကြေညာ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 23
  • 1 min read

VOC/ April 23, 2026


ချင်းပြည်ရဲ့ မြို့နယ် ၇ ခုအပါအဝင် တိုင်းနဲ့ပြည်နယ် ၉ ခုက မြို့နယ်ပေါင်း ၆၀ ကို အရေးပေါ်အခြေအနေ ကြေညာ လိုက်တယ်လို့ အာဏာသိမ်းစစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ယနေ့ဧပြီ ၂၃ ရက်မှာ အမိန့်ထုတ်ပြန်ပါတယ်။

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုတွေ ချုပ်ငြိမ်းစေဖို့ နဲ့ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး တရားဥပဒေ စိုးမိုးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂ (က) အရ အရေးပေါ် ကြေ ညာလိုက်တာ ဖြစ်ပါတယ်လို့ဆိုပါတယ်။

အရေးပေါ်အခြေအနေ ကြေညာလိုက်တဲ့ ချင်းပြည်က မြို့နယ်တွေကတော့ ဖလမ်း၊ တွန်းဇံ၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝမြို့နယ်တို့ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်မြို့၊ ဆော့လော်၊ ချီဖွေမြို့နယ်၊ ကယားပြည်နယ်မှာ ရှားတော၊ ဖားဆောင်း၊ မယ်စဲ့၊ ကရင်ပြည်နယ်မှာ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော်မြို့နယ်၊ မကွေးတိုင်းဒေသကြီးမှာ ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြိုမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှာ ငါန်းဇွန် မြို့နယ်တို့ကိုလည်း အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်းမြို့၊ တောင်ကုတ်မြို့နယ်၊ ရှမ်းပြည်နယ်မှာ န

မ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလားမြို့နယ်တို့ကိုလည်း အရေးပေါ် အခြေအနေကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီအရေးပေါ်ကြေညာချက်အမိန့်ဟာ ကြေညာတဲ့နေ့ကနေ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်မယ်လို့ ဖော်ပြထားပါ တယ်။



 
 
 

Comments


bottom of page