top of page

ချင်းပြည်နယ်ဝန်ကြီးဟောင်း Pu Van Thawng ကွယ်လွန်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 23
  • 1 min read

VOC/ April 23, 2026


သမ္မတဦးသိန်းစိန်လက်ထက် ချင်းပြည်နယ်အစိုးရအဖွဲ့မှာ စိုက်ပျိုး/မွေးမြူရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Pu Van Thawng ဟာ ဧပြီလ ၂၂ ရက်ညက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

အသက် ၇၄ နှစ်အရွယ် Pu Van Thawng ဟာ အိုင်ဇောလ်မြို့၊ Khatla ရပ်ကွက်က Aizawl Hospital မှာ ဆေးကုသမှု ခံယူနေစဉ် ညနေ ၅ နာရီဝန်းကျင်မှာ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့တာလို့ နီးစပ်သူတွေထံကနေသိရပါတယ်။

ရုပ်အလောင်းကို အိုင်ဇောလ်မြို့ကနေ ဇာတိမြေဟားခါးမြို့သို့ ပြန်သယ်ပြီး သဂြိုလ်ကြမယ်လို့သိရပါတယ်။

Pu Van Thawng ဟာ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဝန်ကြီးချုပ် ဦးဟုန်းငိုင်းဦးဆောင်တဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့မှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်စဉ်မှာ ချင်းပြည်နယ်ရဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် အစွမ်းကုန်ကြိုးပမ်းခဲ့သူဖြစ်ပြီး ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ-JICA ထံကနေ ချေးငွေကူညီထောက်ပံ့မှုရရှိအောင်လည်း အဓိကကြိုးပမ်းခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

Pu Van Thawng ဟာ ချင်းပြည်နယ် ထန်တလန်မြို့နယ် Khualhring တောင်ကြော Tlangkhua ဇာတိဖြစ်ပြီး ဒေသခံပြည်သူတွေအားကိုးရတဲ့ လူချစ်လူခင်များသူဖြစ်တယ်လို့သိရပါတယ်။


Source- Khonumthung Burmese



 
 
 

Comments


bottom of page