ကရင်နီ၊ မိုးဗြဲဒေသတိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၁၉ ဦးသေဆုံး
- thevoiceofchinland
- Jun 25
- 1 min read
VOC/ June 25, 2026
ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီးတဝိုက်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းနဲ့ ၂ ကြိမ်တိုက်ပွဲဖြစ်ပြီး အကြမ်း ဖက်စစ်သား ၁၉ ဦး သေဆုံးကာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ - အယ်လ်ဖာဇုံ (မိုးဗြဲနယ်) က မနေ့ကသတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မိုးမြဲမြို့အနီးဝန်းကျင်ကို နယ်မြေစိုးမိုးမှုပြန်လည်ရရှိနိုင်ရေးအတွက် ဒရုန်း၊ လက်နက်ကြီး၊ တိုက်ခိုက်ရေးအင်အားအများအပြားအသုံးပြုပြီး မေလ ၁၃ ရက် နဲ့ ဇွန်လ ၁၉ ရက်နေ့တို့မှာ ၂ ကြိမ်တိုင်တိုင် ထိုးစစ် ဆင်လာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထိုးစစ်ဆင်လာမှုမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် ခုခံတိုက် ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်တပ်ဘက်က တပ်ကြပ်အပါအဝင် ၁၉ ဦးခန့် သေဆုံးကာ အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ထံကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေအပါအဝင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်း အချို့ကို သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဖက်ကလည်း ရဲဘော် ၂ ဦး မြင့်မြတ်စွာ ကျဆုံးကာ ထိခိုက်မှု အချို့လည်း ရရှိခဲ့တယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မိုးဗြဲစစ်မျက်နှာစာအတွင်း အထိနာနေတာကြောင့် ကရင်နီပြည်၊ မိုးဗြဲနယ်နေရာ ဒေသအနှံ့ မရွေး မြေပြင်ထိုးစစ်အနေဖြင့်သော်လည်းကောင်း၊ ဝေဟင်ဖြင့် တိုက်ပွဲ ဧရိယာ အပါအဝင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အများပြည်သူလူထုနေရာတွေ၊ စစ်ရှောင်နေရာတွေကို နေ့စဉ်ရက်ဆက် မြေပြင်ထိုးစစ် နဲ့ ဝေဟင်စစ်ဆင်ရေးတွေ အင်အားသုံးဆောင်ရွက်လာနိုင်တဲ့အတွက် တော်လှန်ပြည်သူလူထုတွေ စစ်ရေးအသိ၊ လုံခြုံရေးသတိများ အလေးထား ကြဖို့ အ မှတ် ၁ စစ်ဒေသ - အယ်လ်ဖာဇုံ (မိုးဗြဲနယ်) က တိုက်တွန်းထားပါတယ်။





Comments