top of page

ကရင်နီပြည်မှာ အကြမ်းဖက်စစ်တပ်က နေအိမ် ၈၀ ကျော်ကိုမီးရှို့ဖျက်ဆီး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 5
  • 1 min read

VOC/ June 4, 2026


ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင် စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က အရပ်သားနေအိမ် ၈၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF က ပြောပါတယ်။

ဖရူဆိုမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေဟာ မတ်လ ၂၈ ရက်နေ့က ဘူးခူကျေး ရွာက လူနေအိမ် ၁၆ လုံးကို မီးရှိုခဲ့ပြီး၊ မေလ ၆ ရက်နေ့မှာ ထားလဲကျေးရွာက နေအိမ် ၆၀ ကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ တယ်လို့ KNDF က မနေ့ဇွန်လ ၃ ရက်နေ့ကထုတ်ပြန်ပါတယ်။

ဒါ့အပြင် မေလ ၇ ရက်နေ့မှာလည်း ထားလဲကျေးရွာအပေါ်ဘက် ပရယ်တော်ကျေးရွာက နေအိမ် ၄ လုံးကို ထပ်မံမီးရှို့ ခဲ့ကြတယ်လို့ဆိုပါတယ်။

၂၀၂၆ ခုနှစ် မတ်လကနေ မေလအထိ ဖရူဆိုမြို့နယ်ထဲက ကျေးရွာ ၃ ရွာက လူနေအိမ် ၈၀ ကျော်ကို အကြမ်းဖက်စစ် တပ်က မီးရှို့ခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်တွေဟာ ဖရူဆို-ဘောလခဲ လမ်းမကြီးတစ်လျှောက်ခြေကုတ်စခန်းတွေမှာ စစ်ရေးလှုပ်ရှားနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း ထိတွေ့မှုတွေရှိနေသလို အကြမ်းဖက်စစ်တပ်ဘက်က အရပ်သားနေထိုင်တဲ့ကျေးရွာ တွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။



 
 
 

Comments


bottom of page