ကရင်နီဒေသက မူကြိုကျောင်းကို စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက်၊ ကလေးငယ် ၂ ဦးသေဆုံး
- thevoiceofchinland
- Jun 25
- 1 min read
VOC/ June 25, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ထဲက မူကြိုကျောင်းတစ်ခုကို အကြမ်းဖက်စစ်တပ်က မနေ့က ဒရုန်းဖြင့် တိုက်ခိုက်ရာမှာ ကလေးငယ် ၂ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
မနေ့ဇွန်လ ၂၄ ရက် မွန်းလွဲပိုင်း ၁ နာရီခန့်မှာ နန်းမယ်ခုံမြို့နယ်ထဲက မူကြိုကျောင်းတစ်ကျောင်းကို ဒရုန်းဖြင့်ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၆ နှစ်အရွယ်ယောကျ်ာလေးတစ်ဦး နဲ့ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ သေဆုံးခဲ့ပြီး အသက် ၆ နှစ်အရွယ်ကလေးငယ်တစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ The Coordination Team for Emergency Relief – CTER Karenni က ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။
CTER ရဲ့ဖော်ပြချက်အရ အကြမ်းဖက်စစ်တပ်ရဲ့ ပထမဆုံးဗုံးမှာ လယ်ကွင်းအနီးကျရောက်ခဲ့ပြီး အခြေအနေ အန္တရာယ် ရှိလာတာကို သတိပြုမိတာကြောင့် ဆရာ၊ ဆရာမတွေက ကလေးငယ်တွေကို ထွက်ပြေးပုန်းအောင်ရန်ပြောကြားခဲ့ပေမယ့် ဒရုန်းတိုက်ခိုက်မှုမှာ ကလေးငယ်တွေရှိရာကို ထိမှန်ခဲ့ပြီး ကလေးနှစ်ဦးမှာ သေဆုံးခဲ့ရတာလို့ သိရပါတယ်။
ဒါ့ပြင် မနေ့ည ၁၀ နာရီဝန်းကျင်မှာလည်း အကြမ်းဖက်စစ်တပ်က ကရင်နီပြည်၊ ဒီမောဆိုမြို့နယ်အနောက်ခြမ်းရှိ လွိုင်နန်းဖာကျေးရွာကို လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။






Comments