ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီရန် လက်ရွေးစင်ဘောလုံးအသင်း တာဝန်ရှိသူတွေကို ပြည်ဝင်ခွင့်ဗီဇာ အမေရိကန်ပယ်ချ၊ အီရန် အသင်းသားများ မက္ကဆီကိုနိုင်ငံကို မထွက်ခွာမီ ကုရ်အာန်ကို ဦးချ
- thevoiceofchinland
- Jun 8
- 1 min read
VOC/ June 6, 2026
ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီရန်အသင်းက အဖွဲ့ဝင်တချို့ကို ပြိုင်ပွဲမှာ ပါဝင်ဖို့ ပြည်ဝင်ခွင့်ဗီဇာကို ကမ္ဘာ့ဖလားပူးတွဲအိမ်ရှင် အမေရိကန်ပြည်ထောင်စုက ထုတ်မပေးခဲ့ဘူးလို့ အီရန်အသင်းက ပြောဆိုလိုက်ပြီး ခွဲခြားဆက်ဆံမှုဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။
တူရကီရှိ အီရန်သံရုံးက X မှာ မန်နေဂျာနဲ့ အမှုဆောင်ဝန်ထမ်းများ၊ နည်းပညာအကြံပေးများနဲ့ နိုင်ငံလက်ရွေးစင်ဘောလုံးအသင်းကမပါမဖြစ် လူများရဲ့ဗီဇာကို ငြင်းပယ် ထားတယ်ဟု ဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်ကစားသမားတွေနဲ့ နည်းပြတွေအားလုံးကို ပြည်ဝင်
ခွင့်ဗီဇာ ပေးခဲ့ပေမဲ့ အုပ်ချုပ်မှုပိုင်းနဲ့ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေကိုတော့ ငြင်းပယ်လိုက်ပါတယ်။ အီရန်ဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးချုပ် ဟီဒါယတ် မွန်ဘေနီ အပါအဝင် အဆင့်မြင့်အရာရှိ ၁၄ ဦးခန့် ဗီဇာအငြင်းခံခဲ့ရပါတယ်။
ဗီဇာမရရှိတဲ့ အဖွဲ့ဝင်တွေဟာ ဗီဇာရရှိရေး ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ အသင်းလေ့ကျင့်နိုင်ဖို့အတွက် မက္ကဆီကိုကို ခရီးထွက်ကြမှာဖြစ်တယ်လို့ သိရပါတယ်။
မက္ကဆီကိုနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို မထွက်ခွာမီ အီရန်ဘောလုံးအသင်းဟာ လေယာဉ်ပေါ်မတက်ခင် ကုရ်အာန်ကျမ်းစာတော်မြတ်ကို နမ်းရှုပ်ခဲ့ကြပါတယ်။
နှစ်နိုင်ငံကြား ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ကြားက ပထမဆုံးပွဲစဉ် မတိုင်ခင် ၁၀ ရက်အလို သောကြာနေ့မှာ အမေရိကန်ကို အီရန်အသင်းသားများ ဝင်ရောက်ခွင့်ဗီဇာ ရရှိခဲ့တယ်လို့ သောကြာနေ့က အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောကြားခဲ့ပြီးနောက် အခုလို သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အီရန်အသင်းဟာ ဗီဇာပြဿနာတွေကြောင့် အရီဇိုးနားကနေ မက္ကဆီကိုနိုင်ငံ၊ တီဟွာနာကို အသင်းရဲ့အခြေစိုက်စခန်းကို နောက်ဆုံးမိနစ်မှာ ပြောင်းရွှေ့ဖို့ ညှိနှိုင်းခဲ့ပြီး ဇွန်လ ၇ ရက်နေ့ မနက်မှာ တီဟွာနာကို ဆင်းသက်ဖို့ စီစဉ်ထားပါတယ်။
အီရန်အသင်းဟာ ဇွန်လ ၁၅ ရက်နေ့မှာ လော့စ်အိန်ဂျလိစ်မှာ နယူးဇီလန်အသင်းနဲ့ ပထမဆုံးအုပ်စု G ပွဲစဉ်ကို ကစားဖို့ စီစဉ်ထားပါတယ်။ ပြီးရင် ဇွန်လ ၂၁ ရက်နေ့မှာ ဘယ်လ်ဂျီယံအသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး ဇွန်လ ၂၆ ရက်နေ့မှာ ဆီယက်တဲလ်မှာ အီဂျစ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာပါ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က အီရန်အသင်းက အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်နဲ့ ဆက်စပ်နေတဲ့ လူတွေကို ထည့်သွင်းခွင့်မပြုဘူးလို့ အင်္ဂါနေ့က ဥပဒေပြုအမတ်တွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အီရန်အသင်းရဲ့ ကစားသမားအများအပြားဟာ အသင်းမှာ မဖြစ်မနေ စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီးသား ဖြစ်ကြပါတယ်။
Source - The Guardian , x




Comments