top of page

ကနေဒီတောင်ကို အကြမ်းဖက်စစ်တပ်က ပြန်လည်ထိန်းချုပ်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 7
  • 1 min read

VOC/ May 6, 2026


ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့နယ်ထဲက ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကနေဒီတောင်ကို အကြမ်း ဖက်စစ်တပ်က ပြန်လည်သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ နဲ့ တီးတိန်မြို့အကြားမှာတည်ရှိပြီး ပေ ၈၀၀၀ ကျော် မြင့်မားသော စစ်ရေးအရ အချက်အချာကျတဲ့ ကနေဒီတောင်ကို အကြမ်းဖက်စစ်တပ်က မနေ့ မေလ ၅ ရက်ညနေပိုင်းမှာ ပြန်လည်သိမ်းပိုက်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်ထံကနေသိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ကလေးမြို့ကနေ စစ်အင်အားဖြည့်တင်းလာပြီးနောက် သိုင်းငင်းကျေးရွာကနေ တီးတိန်မြို့ ဘက်ကို ယခုမေလဆန်းပိုင်းကနေ စစ်ကြောင်းထိုးလာပြီး ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ နဲ့ တိုက်ပွဲတွေဖြစ်ပွား နေတာဖြစ်ပါတယ်။

မေလ ၂ ရက်ကနေ ၅ ရက်နေ့အထိ သိုင်းငင်း နဲ့ တီးတိန်ကြား လေထန်ကုန်း နဲ့ အပ်လွယ်ကျေးရွာအနီးမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး စစ်တပ်ဘက်က လေကြောင်းကနေလည်း အပြင်းအထန်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းတပ်ဖွဲ့ဘက်က ဆုတ်ပေးလိုက်ရတယ်လို့သိရပါတယ်။

ကနေဒီတောင်စခန်းကို အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက တလှည့်စီသိမ်းပိုက်ခဲ့ကြပြီး ယခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တုန်းက PDF-Zoland နဲ့ CDF-CDM Siyin ပူးပေါင်းတပ်ဖွဲ့တွေက နောက်ဆုံးသိမ်းပိုက်ခဲ့တာဖြစ် ပါတယ်။ ယခုအခါ အကြမ်းဖက်စစ်တပ်က ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။



 
 
 

Comments


bottom of page