top of page

ကူဝိတ်လေဆိပ်ကို အီရန်ဒရုန်းနဲ့ တိုက်ခိုက်၊ လူတစ်ဦးသေဆုံးပြီး အနည်းဆုံး ၆၃ ဦး ဒဏ်ရာရရှိခဲ့

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 5
  • 1 min read

VOC/ June 3 2025


ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ် (Terminal 1) ကို အီရန်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇွန်လ ၃ရက် ဗုဒ္ဓဟူးနေ့မှာ လူတစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ကူဝိတ်ဘက်ကတော့ ဒါဟာ "ရက်စက်ကြမ်းကြုတ်တဲ့ ကျူးကျော်မှု" ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်တာပါ။ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ ဒီဒရုန်းတိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးပြီး အနည်းဆုံး ၆၃ ဦး ဒဏ်ရာရရှိခဲ့သလို လေဆိပ်အဆောက်အအုံလည်း တော်တော်လေး ပျက်စီးသွားခဲ့ပါတယ်။

လေဆိပ်အတွင်း ခရီးစဉ်တွေကို ခေတ္တရပ်ဆိုင်းခဲ့ရပေမယ့် အခုအခါမှာတော့ အခြား Terminal ကနေတစ်ဆင့် လေကြောင်းလိုင်းအချို့ ပြန်လည်ပြေးဆွဲနေပြီလို့ လေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကူဝိတ်ကာကွယ်ရေး

ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက "ဒီတိုက်ခိုက်မှုဟာ ကူဝိတ်နိုင်ငံအပေါ် အီရန်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကျူးကျော်မှုဖြစ်ပြီး လေဆိပ်ကို သိသိသာသာ ပျက်စီးစေခဲ့တာပါ" လို့ ဆိုပါတယ်။ ဒါ့အပြင် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တိုက်ခိုက်မှုကို မကျေနပ်တဲ့အတွက် ကူဝိတ်မှာရှိတဲ့ အီရန်သံတမန်နှစ်ဦးကို နိုင်ငံတွင်းကနေ ထွက်ခွာဖို့ နှင်ထုတ်လိုက်ပြီဟု ပြောကြားလိုက်ပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က သူတို့အနေနဲ့ အရပ်ဘက်လေဆိပ်ကို တိုက်ခိုက်ခဲ့ခြင်းမရှိပါဘူးလို့ ငြင်းဆိုထားပါတယ်။ အမေရိကန်ရဲ့ Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်က သူတို့ရဲ့ဒုံးကျည်တွေကို ကြားဖြတ်ပစ်ခတ်ရာကနေ လမ်းကြောင်းလွဲပြီး လေဆိပ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ အီရန်ဘက်က အကြောင်းပြထားတာပါ။

အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က အီရန်ရဲ့ပြောကြားချက်ဟာ လုံးဝမမှန်ကန်ကြောင်း တုံ့ပြန်ထားပြီး၊ အခုဖြစ်စဉ်ဟာ အရပ်ဘက်လေဆိပ်ကို အီရန်က ဒရုန်းတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ကြိုတင်တွက်ချက်ပြီး အကြောင်းမဲ့ တိုက်ခိုက်ခဲ့တာသာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။


Source: Al Jazeera, Central Command, AP



 
 
 

Comments


bottom of page