top of page

“ကျွန်တော်တို့ရဲ့ Idol ပြန်လာပါပြီ” — နေမာကို ဘရာဇီးလ်ပရိသတ်များ သောင်းသောင်းဖြဖြ ကြိုဆို

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 25
  • 1 min read

VOC/ Sports/ June 25, 2026


ဘရာဇီးလ်အသင်းရဲ့ စူပါစတားတိုက်စစ်မှူး Neymar ဟာ ၉၈၁ ရက်ကြာ နိုင်ငံအသင်းနဲ့ ဝေးကွာခဲ့ရပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုအဆင့် စကော့တလန်နဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပြန်လည်ပွဲထွက်လာခဲ့ရာ ဘရာဇီးလ်ပရိသတ်တွေရဲ့ သောင်းသောင်းဖြဖြ ကြိုဆိုမှုကို ရရှိခဲ့ပါတယ်။

ညာခြေသလုံးဒဏ်ရာကြောင့် အုပ်စုအဆင့် ပထမနှစ်ပွဲကို လွဲချော်ခဲ့တဲ့ နေမာဟာ ပွဲချိန် ၇၆ မိနစ်မှာ လူစားဝင်လာခဲ့ပြီး ဘေးစည်းမှာ နွေးထွေးလေ့ကျင့်ချိန်ကတည်းက ပရိသတ်တွေရဲ့ အော်ဟစ်အားပေးသံတွေ ဆူညံခဲ့သလို ဘောလုံးကို ပထမဆုံးထိတွေ့ချိန်မှာလည်း ကွင်းလုံးကျွတ် ကြိုဆိုခဲ့ကြပါတယ်။

ပွဲအပြီးမှာ နေမာဟာ မိသားစုကို ဖက်ကာ မျက်ရည်ကျခဲ့ပြီး “သုံးနှစ်နီးပါးအကြာ နိုင်ငံအသင်းအင်္ကျီကို ပြန်ဝတ်ခွင့်ရတာ အရမ်းပျော်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အသင်းဖော် Vinícius Júnior ကလည်း “ကျွန်တော်တို့ရဲ့ Idol ပြန်လာပါပြီ။ ဒီအချိန်ရောက်အောင် သူအရမ်းကြိုးစားခဲ့တယ်” လို့ ချီးကျူးခဲ့ပါတယ်။

နေမာဟာလည်း ဘရာဇီးလ်အတွက် ကမ္ဘာ့ဖလား လေးကြိမ်ဆက် ပါဝင်ကစားနိုင်တဲ့ စတုတ္ထမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဘရာဇီးလ်ပရိသတ်များအတွက် နေမာဟာ နိုင်ငံအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားသူဖြစ်သလို ဘရာဇီးလ်ဘောလုံးရဲ့ jogo bonito (လှပသော ဘောလုံးကစားဟန်) ကို ကိုယ်စားပြုတဲ့ “National Idol” တစ်ဦးအဖြစ် ယနေ့ထိ ချစ်ခင်အားပေးခံနေရဆဲ ဖြစ်ပါတယ်။


Source X, ESPN



 
 
 

Comments


bottom of page