top of page

ကျော်ကြားသူတို့ရဲ့ ဟောလိဝုဒ် Walk of Fame မှာ ဒေးဗစ်ဘက်ဟမ်းကို ဂုဏ်ပြုBeckham ဇနီးမောင်နှံ အမေရိကန်-ပါရာဂွေး ကမ္ဘာ့ဖလားပွဲကို လာရောက်အားပေး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 16
  • 1 min read

VOC/ June 13, 2026


ကျော်ကြားသူတို့ကို ကြယ်ပွင့်နဲ့ ဂုဏ်ပြုတဲ့ ဟောလိဝုဒ် Walk of Fameမှာ ကမ္ဘာကျော် ဂန္ထဝင် ဘောလုံးကစားသမား David Beckham ကို သောကြာ‌နေ့က ဂုဏ်ပြုခဲ့ပါတယ်။

ဒီအခမ်းအနားကို ဇနီးသည် Victoria Beckham နဲ့ မိတ်ဆွေရင်းဖြစ်သူ Tom Cruise တို့လည်း တက်ရောက်ခဲ့ပါတယ်။

Tom Cruise က မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားတုန်းက ၁၉၉၆ ခုနှစ် ဝင်ဘယ်လ်ဒန်နဲ့ ပွဲစဉ်မှာ ကွင်းလယ်စည်းက ကန်တင်ချက်ကို မီးမောင်းထိုးပြီးပြောပြခဲ့ပါတယ်။ "ဘောလုံးက လေထဲမှာ ၃ စက္ကန့်ခွဲလောက် ရှိပေမယ့် အဲဒီအချိန်ဟာ မြင်တွေ့ခဲ့ရသူတိုင်းရဲ့ စိတ်ထဲမှာနဲ့ အားကစားသမိုင်းမှာ ဆယ်စုနှစ်သုံးခုကြာအောင် ရှင်သန်နေခဲ့ပါတယ်။ အဲဒီတုန်းက သူဘယ်သူလဲဆိုတာ မသိခဲ့ဘဲ လအနည်းငယ်ကြာပြီးနောက်မှာ သေချာပေါက် သိခဲ့ရတယ်" လို့ ပြောဆိုသွားပါတယ်။

Cruise ရဲ့ ချီးကျူးမှုကို Beckhamက "ခင်ဗျားရဲ့ခင်မင်မှုအတွက် အရမ်းကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ က LA ရောက်လာတဲ့အခါ ခင်ဗျားက ကျွန်တော်တို့ကို ကြိုဆိုခဲ့ပြီး သစ္စာရှိတဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်သလို ကျွန်တော့်အတွက် အားပေးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။" လို့ တုံ့ပြန်ပြောဆိုတယ်။

Victoria Beckham ကတော့ စင်မြင့်ပေါ်တက်လာချိန်မှာ "Spice World" ရုပ်ရှင်အတွက် Walk of Fame မှာ သူမရဲ့ကြယ်ပွင့်ကို ရရှိတော့မယ်လို့ ထင်ခဲ့တယ်လို့ နောက်ပြောင်ခဲ့ပါတယ်။

ထို့နောက် Beckham ဟာ အမေရိကန်အသင်းနှင့် ပါရာဂွေးအသင်းတို့၏ ၂၀၂၆ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကို သွားရောက် ကြည့်ရှူ အားပေးပြီး၊ အမေရိကန် လက်ရွေးစင် အသင်းကို ဂုဏ်ပြုစကား လူမှူကွန်ရက်မှာ ရေးသားခဲ့ပါတယ်။


Source - ABC News



 
 
 

Comments


bottom of page