top of page

ကျောက်ဖြူ စနဲမြို့အနီး တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၄၀ ခန့်သေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 2
  • 1 min read

VOC/ June 2, 2026


ရခိုင်ပြည် ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၄၀ ခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

စနဲမြို့ကိုသိမ်းပိုက်ဖို့ လေကြောင်း၊ ရေကြောင်း ပစ်ကူပေးမှုနဲ့အတူ မြေပြင်ကနေ အင်အားအလုံးအရင်းနဲ့ ထိုးစစ် ဆင် လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၁၁ လက်အောက်ခံ တပ်ရင်းတွေနဲ့ အာရက္ခတပ်တော် ULA/AA တပ်ဖွဲ့တို့ဟာ ပြီးခဲ့တဲ့ မေလ ၂၈ ကနေ ၃၀ ရက်နေ့အတွင်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ကြတယ်လို့ ရခိုင်အခြေစိုက် သတင်း ဌာနတွေကဖော်ပြပါတယ်။

တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်သား ၄၀ ခန့်သေဆုံးခဲ့ပြီး ရန်သူ့အလောင်း ၂၀ ကျော် နဲ့ လက်နက်ခဲယမ်းတချို့ကို အာရက္ခတပ်တော်က သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စနဲမြို့ကို သိမ်းပိုက်ဖို့ အတွက် အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၂၊ ခမရ ၂၁၃၊ ခမရ ၂၁၉ တပ်ရင်းတွေကိုစုဖွဲ့ပြီး စုစုပေါင်း အင်အား (၄၀၀) ကျော်နဲ့ ကြည်း၊ ရေ၊ လေ ပစ်ကူအများအပြားသုံးပြီး တောင်မော် ဦးရေတပ်စခန်းဘက်ကနေ ထိုးစစ်ဆင် တိုက်ခိုက်လာတာလို့ဆိုပါတယ်။

လက်ရှိအချိန်အထိ အာရက္ခတပ်တော်ဘက်က ခုခံစစ်၊ တန်ပြန်ထိုးစစ်တွေနဲ့ နည်းဗျူဟာမြောက်စွာ အကောင်းဆုံး တိုက်ထုတ်ချေမှုန်းလျက်ရှိပြီး အကြမ်းဖက် စစ်တပ်ရဲ့ စစ်ကြောင်းဟာ စစ်ဦးကျိုးကာ တပ်လန်လျက်ရှိနေတယ်လို့ Arakan Princess Media က ဖော်ပြပါတယ်။



 
 
 

Comments


bottom of page