top of page

ZRA-EC က ဒေသခံလူငယ်တစ်ဦးကို သေဒဏ်စီရင်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 16
  • 1 min read

VOC/ June 16, 2026


အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA-EC က တီးတိန်မြို့နယ် တွီထန်းကျေးရွာဒေသခံလူငယ်တစ်ဦးကို ဖမ်းဆီးပြီး သေဒဏ်စီရင်လိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၉ ရက်နေ့က Zomin National Worker PA PAU NGAIH MANG လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး Zomi National Army(ZNA) လက်နက်ကိုင်တွေနဲ့ ဆက်နွှယ်နေသူတွေကို စုံစမ်းစစ်ဆေး ရှာဖွေရာမှာ တွီထန်းရွာသားဖြစ်သူ KAP LIAN MANG ကို ဖမ်းဆီးရမိခဲ့ပြီး၊ အပြင်းထန်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့သေဒဏ် (Capital Punishment) ပေးလိုက်ပြီလို့ ZRA-EC က ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ZRA-EC အနေနဲ့ ဇိုမီးလူမျိုးတွေနေထိုင်တဲ့ဒေသမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တည်းသာ ရှိရမယ်ဆိုတဲ့ မူဝါဒအတိုင်း ရှေ့ဆက်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ZRA-EC ရဲ့ National Worker တစ်ဦးဖြစ်တဲ့ PA PAU NGAIH MANG ကို ပထမဆုံး သွေးမြေကျစေခဲ့တာကြောင့် ထိရောက်သော အရေးယူဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။

Zomi National Army(ZNA) တပ်ဖွဲ့ဟာ ZRA-EC တပ်ဖွဲ့ကနေ ခွဲထွက်သွားတဲ့ လက်နက်ကိုင်အဖွဲ့သစ်တစ်ခုဖြစ်တယ်လို့သိရပြီး PA PAU NGAIH MANG သေဆုံးမှုနဲ့ပတ်သက်ပြီး သူတို့လက်ချက်မဟုတ်ဘူးလို့ ဇွန်လ ၁၄ ရက်မှာပဲ ZNA က ထုတ်ပြန်ထားပါတယ်။

ZRA-EC တပ်ဖွဲ့ဟာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က အကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းကာ တွန်းဇံမြို့ကို ကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။

ZRA-EC တပ်ဖွဲ့ ဟာ ချင်းပြည်မြောက်ပိုင်းက တီးတိန်၊ တွန်းဇံ၊ ကျီခါးဒေသမှာ နယ်ခြားစောင့်တပ်(ဒါမှမဟုတ်) ပြည်သူ့စစ်ပုံစံဖြင့် နေထိုင်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ဆွေးနွေးမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။



 
 
 

Comments


bottom of page