VIP လက်မှတ်မယူဘဲ ပရိသတ်များနှင့်အတူ ကမ္ဘာ့ဖလားဖွင့်ပွဲကြည့်ရှုခဲ့သည့် မက္ကဆီကိုသမ္မတကို ချီးကျူးနေကြ
- thevoiceofchinland
- Jun 12
- 1 min read
VOC/ Sports/ June 12, 2026
၂၀၂၆ ကမ္ဘာ့ဖလားဖွင့်ပွဲစဉ်မှာ မက္ကဆီကိုသမ္မတClaudia Sheinbaum Pardo ဟာ Azteca Stadium ရဲ့ VIP နေရာမှာ သွားရောက်ကြည့်ရှုခြင်းမရှိဘဲ ပရိသတ်တွေနဲ့အတူ သာမန်ထိုင်ခုံမှာ အတူတူ ပွဲကြည့်ခဲ့တဲ့အတွက် လူမှုကွန်ရက်မှာ ဝိုင်းပြီး ချီးကျူးနေကြပါတယ်။
ဒီပွဲမှာ ဂျူလီယန် ကွီညိုနက်စ်နဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဂျီမီနက်ဇ်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ပြီး အိမ်ရှင်မက္ကဆီကိုအသင်းက တောင်အာဖရိကအသင်းကို ၂-၀ ဂိုး နဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အောင်မြင်စွာ စတင်နိုင်ခဲ့ပါတယ်။
အဖွင့်ပွဲစဉ်ကို ပရိသတ် ၈၀,၈၂၄ ဦး တက်ရောက်ခဲ့ကြပြီး ကွင်းလုံးပြည့်ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ အနီကတ် သုံးကြိမ် ထုတ်ပြခဲ့ရပြီး တောင်အာဖရိကအသင်းက နှစ်ဦးနဲ့ မက္ကဆီကိုအသင်းက တစ်ဦး ထုတ်ပယ်ခံခဲ့ရပါတယ်။
Source: Reuters




Comments