top of page

Victory Day အခမ်းအနားမှာ NATOကို ဝေဖန်ပြီး ယူကရိန်းကို ရန်လိုတဲ့အင်အားစုလို့ ရုရှားဝေဖန်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 14
  • 1 min read

VOC/ May 9, 2026


ရုရှားသမ္မတ Vladimir Putin က မော်စကိုမြို့၊ ရင်ပြင်နီမှာကျင်းပတဲ့ Victory Day အခမ်းအနားမှာ NATO အဖွဲ့ကြီးကို ဝေဖန်ပြောဆိုပြီး ယူကရိန်းစစ်ပွဲကို တရားမျှတတဲ့စစ်ပွဲအဖြစ် ပုံဖော်ပြောဆိုလိုက်ပါတယ်။

အခုနှစ် မေလ ၉ ရက်နေ့ဟာ ဆိုဗီယက်ပြည်ထောင်စုက နာဇီဂျာမနီကို အနိုင်ရခဲ့တဲ့ ၈၁ နှစ်မြောက်အမျိုးသားအောင်ပွဲအခမ်းအနားဖြစ်ပြီး Putin က အခမ်းအနားမိန့်ခွန်းမှာအခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရုရှားစစ်သားတွေကို ချီးကျူးလိုက်ပြီး “သူတို့ဟာ NATO တစ်ဖွဲ့လုံးက လက်နက်တပ်ဆင်ပေးပြီး ထောက်ခံပေးနေတဲ့ ရန်လိုအင်အားစုကို ရင်ဆိုင်နေကြရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေက ရှေ့ဆက်နေဆဲပဲ” လို့ Putin က ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်ရေးကြိုးပမ်းမှုမှာ ပါဝင်နေတဲ့ ရုရှားနိုင်ငံသားတွေ၊ အထူးသဖြင့် သိပ္ပံပညာရှင်တွေ၊ တီထွင်သူတွေ၊ စစ်သတင်းထောက်တွေ၊ ဆရာဝန်တွေ၊ ဆရာ/ဆရာမတွေကိုလည်း ချီးကျူးသွားပါတယ်။

ဒီနှစ်ကျင်းပတဲ့ အခမ်းအနားမှာ ယူကရိန်းတိုက်ခိုက်မှုရှိမှာစိုးတဲ့အတွက် စစ်ရေးပြပွဲမှာ သံချပ်ကာယာဉ်တွေနဲ့ တာဝေးပစ်ဒုံးကျည်တွေ မပါဝင်ခဲ့ပါဘူး။

မနှစ်က နှစ် ၈၀ ပြည့်အခမ်းအနားမှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ Xi Jinping နဲ့ Luiz Inácio Lula da Silva အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၂၇ ဦး တက်ရောက်ခဲ့ကြပေမယ့် ဒီနှစ်မှာ တက်ရောက်သူလျော့နည်းသွားပါတယ်။


Source - BBC News



 
 
 

Comments


bottom of page